Movie Name
The Incredible Burt Wonderstone (2013)
Year
2013
Generes
Comedy
Code
03112
Type
Movie
Size
997 MB
Country
Hollywood
Description
လမ်းမပေါ်လှည့်လည်ပြသနေတဲ့ မျက်လှည့်ဆရာ စတိဗ်ဂရေး(Jim Carrey) ဟာ အသည်းတထိတ်ထိတ် တုန်လှုပ်ချောက်ချားစေမယ့် ပြကွက်မျိုးတွေနဲ့ လူတွေကို ဖမ်းစားဖို့ အမြဲကြိုးစားနေတဲ့သူပါ။ လူတွေရဲ့အာရုံသိမ်းကျုံးယူငင်ဖို့ဆိုရင် မီးကျီးခဲတွေပေါ်လှဲအိပ်ပြရဖို့လည်း ဝန်လေးတတ်သူမဟုတ်ဘူး။ ဒါပေမဲ့ သူကိုယ်တိုင် အသည်းတထိတ်ထိတ်ဖြစ်ခဲ့တဲ့ အကြိမ်လည်း နည်းတော့မနည်းခဲ့ပါဘူး။ လာ့စ်ဗေးဂက်စ်မှာ အချိန်အတော်ကြာနာမည်ရနေတဲ့ မျက်လှည့်ဆရာ ဘာ့ထ်ဝန်းဒါးစတုံး(Steve Carell) နဲ့ လက်ထောက် အန်တန်လဗ်ခရက်ဖ်(Steve Buscemi) တို့ရဲ့ မျက်လှည့်ပြကွက်တွေဟာလည်း လူတွေရိုးအီငြီးငွေ့စပြုလာပြီ။ ဖန်တစ်ရာတေနေပြီကိုး။ အဲဒီအချိန် ကျော်ကြားမှုနောက်အမြဲလိုက်ချင်နေတဲ့ စတိဗ်ဂရေးက ဘာ့ထ်ဝန်းဒါးစတုံးတို့ရဲ့ ရေပမ်းစားမှုကို သိမ်းပိုက်ခိုးယူဖို့ အားစိုက်ကြိုးပမ်းတော့တာပေါ့။ စတိဗ်ဂရေးရဲ့ ကြောက်အားလန့်အားပိုစရာပြကွက်တွေနောက် လာ့စ်ဗေးဂက်စ်က လူတွေလိုက်ကုန်ကြပြီ။ ဘာထ့်မှာ နာမည်မရှိတော့၊ ကိုယ်တိုင်အပြစ်မြင်၊ စိတ်ကျနွမ်းနယ်လာပြီ။ ဘာ့ထ် … သူ့ရဲ့ ပကတိအနေအထားကိုမြင်နေပြီ။ အလုပ်မရှိတော့သလို၊ ပိုက်ဆံကလည်းမရှိပါဘူး။ လက်ထောက် အန်တန်ကလည်း အခြေအနေမဟန်တဲ့ ဘာ့ထ်ဆီကနေ စွန့်ခွာတော့မယ်။ ကမ္ဗောဒီယားကိုသွားပြီး မျက်လှည့်ပြသနိုင်မယ့် အကွက်အကွင်းရှာထွက်ဖို့ ဦးတည်နေတယ်။ ဘာ့ထ်ရဲ့ လက်ဦးဆရာ ရန်စ့်ဟန်စန်(Alan Arkin) က မှုန်ကုပ်စိတ်ပျက်နေတဲ့ ဘာ့ထ်ကို မျက်လှည့်ပညာအတွက် အရေးကြီးတဲ့ အာရုံစုစည်းမှုအကြောင်း ပြောပြတယ်။ ဘာ့ထ်ကို မျက်လှည့်လမ်းကြောင်းပေါ်ပြန်ပြီးဆွဲတင်နိုင်ဖို့ သူ့ရဲ့ ချစ်ခင်ကြင်နာတတ်တဲ့ သနားကမားလက်ထောက်မိန်းကလေး ဂျိန်း(Olivia Wilde) နဲ့ ဝိုင်းဝန်းကြိုးပမ်းကြတယ်။ မျက်လှည့်စင်ပေါ်မှာ လူငယ်လေးတစ်ယောက်လို ပြန်ပြီးနုပျိုသွက်လက်လာအောင်ပေါ့။ စတိဗ်ဂရေးဆီက သူ့ရဲ့ တချိန်ကရေပမ်းစားမှုကို ဘာ့ထ် ပြန်ပြီးရယူနိုင်ပါ့မလား။ “အိုး … ဒါ အမြဲတမ်းအတွက် အကောင်းဆုံးလှည့်စားမှုပဲ” အံ့သြမှင်တက်မှုနဲ့အတူ သူ့ရဲ့ပရိသတ်တွေနှုတ်က အကြိမ်တော်တော်များများ ခုန်ထွက်ကျခဲ့ဖူးတဲ့ ဒီလို စကားလုံးတွေ။ ဘာ့ထ် ပြန်ပြီး ခြွေယူနိုင်ပါဦးမလား??? (ရုပ်ရှင်အညွှန်းကို myworld-phyophyo.com မှကူးယူဖော်ပြပါသည်။)