-
Movie Name
-
The Last Woman Standing (2015)
-
Year
-
2015
-
Generes
-
Comedy, Romance
-
Code
-
03127
-
Type
-
Movie
-
Size
-
950 MB
-
Country
-
Hollywood
-
Description
-
အချစ်လောကမှာ အိုသွားလို့အပယ်ခံထားရတဲ့ အိုပယ်မတ်မတ်တွေ အတွက်
တရုတ်မင်းသမီးရှုကြည်ပါဝင်တဲ့ Romance အချစ်ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။
မိန်းကလေးတွေဟာ အသက် ၃၀ အရွယ်မှ
အလှဆုံးပဲ လို့ လူတွေက တင်စားကြတယ်
လှပုံလှနည်းတော့ မတူဘူးပေါ့…
အသက် ၃၀ အရွယ် မိန်းကလေး တစ်ယောက်ရဲ့ အလှဟာ
ရင့်ကျတ်ခြင်း နဲ့ တည်ငြိမ်ခြင်း ပေါင်းစပ်ထားပြီး
ကံစမ်းမဲ ပါတဲ့ ဘီစကစ်လေးတွေ နဲ့ တူနေပြန်တယ်
ကံစမ်းမဲ ပါတဲ့ ဘီစကစ်ဟာ ကျွတ်ဆတ်ဆတ် ဖြစ်နေတက်ပြီး
အထဲမှာတော့ ကံကောင်းမှုတွေ အပြည့်နဲ့ပေါ့…
ရှန်းယူရီ ဆိုတဲ့ ကောင်မလေးဟာ သူ့ တစ်ဘဝလုံး
ပညာရေး နဲ့ အလုပ်ကို ဦးစားပေးခဲ့တဲ့အတွက်
အသက် ၃၀ ပြည့်တော့မယ့် အထိတောင်
ယောင်္ကျားယူဖို့ မပြောနဲ့ ရည်းစားလေး တစ်ယောက်ရဲ့
အနမ်းတောင် ရင်မဆိုင်ဖူးခဲ့ပါဘူး…
တရုတ်လူမျိုးတွေ ရဲ့ အယူအဆ အရ အသက် ၃၀ ပြည့်လို့မှ
အိမ်ထောင်မကျသေးရင်
ချို့ယွင်းချက် ရှိသလိုလို
ဘာလိုလို လူထင်သေးခံရတဲ့ ပုံစံ ဖြစ်နေတော့တာပါပဲ
ဒါကြောင့် ရှန်း ဟာ သူ့အမေ နဲ့ ဘယ်နေရာကိုမှ မသွားချင်တော့တာလဲ
ယောင်္ကျားယူဖို့ ဖိအားပေးခံရလွန်းလို့ ဖြစ်ပါတယ်….
သူလဲပဲ သူ့ကို တကယ်ချစ်တဲ့ ယောင်္ကျားလေး တစ်ယောက်နဲ့
ဆုံပြီး ကံကောင်းချင်ခဲ့တာပေါ့…
ဒါကြောင့် နှစ်သစ်ကူး ညမှာပဲ သူဆုတောင်းခဲ့တယ်
သူမျှော်လင့်တဲ့ ဖူးစာဖက်နဲ့ ဆုံနိုင်ပါစေလို့….
နောက်တစ်နေ့ ရုံးတက်တဲ့နေ့မှာပဲ
ရုံးထဲဝင်ဖို့ ကတ်ပြား ပျောက်လို့ ပြသနာတက်ချိန်မှာပဲ
ကောင်လေး တစ်ယောက်ကို စတင်ဆုံစည်းခဲ့တယ်…
သူကတော့ ရှန်း ရဲ့ လက်ထောက် ဖြစ်လာမယ့်
မာစိုင်း ဆိုတဲ့ ကောင်လေးပါပဲ…
မာစိုင်း က သူ့ထက် ငယ်ပါတယ် သွတ်လက်တယ်
ရဲရင့်တယ် ရုပ်ချောတယ် အရာရာပြည့်စုံတဲ့ ကောင်လေးပါပဲ
သူတို့နှစ်ယောက်ကြား ကောင်းကင်ပြာကြီး ဘယ်လိုဖြစ်တည်လာမလဲဆိုတာ…။
ကိုယ်တိုင်ကြည့်မှ စီးမျှောခံစားလို့ကောင်းတာ
ရှန်း နေရာမှာ နာမည်ကြီးမင်းသမီးချော
ရှုကြည် က ပါဝင်သရုပ်ဆောင်ထားပြီး
ရှုကြည်ရဲ့ အလှ
ရှုကြည် ရဲ့ သရုပ်ဆောင်မှုတွေ အောက်မှာ အသက်ရှုဖို့
မေ့မေ့သွားနိုင်ပါတယ်….
ဒီဇာတ်လမ်းကို ကြည့်သင့်တာကတော့ မမ တွေကို
ကြိုက်နေတဲ့ ကောင်လေးတွေ ကြည့်သင့်တယ်
ဘာလို့လဲ ဆိုတော့ မမ တွေရဲ့ စိတ်ကို နားလည်နိုင်ဖို့
နည်းလမ်းလမ်းစ ဟာ ဒီရုပ်ရှင်ထဲမှာ ရှိနေတယ်…
နောက်တစ်ခုကတော့ အသက် ၃၀ နဲ့ ၄၀ ကြား
လုပ်ငန်းရှင် Single အမျိုးသမီးတွေ ကြည့်သင့်တယ်…
ဒီရုပ်ရှင်ကားဟာ အချစ်သက်သက် မဟုတ်ပြန်ဘဲ
လုပ်ငန်းခွင် တစ်ခုရဲ့ တာဝန်ရှိသူ အနေနဲ့
အလုပ်ကို ဘယ်လို လုပ်ရလဲ
ဘယ်လိုတွေ တာဝန်ယူရလဲ
ဆိုတဲ့ စိတ်ကိုပါ ရရှိစေနိုင်ပါတယ်….
ပြောရရင် မိုတီဗိတ် ဖြစ်စေတာပေါ့
အချစ်ကြောင့် ရူးမိုက်မိုက်တွေ လုပ်တာ
အချစ်ကြောင့် ဆင်ခြင်နိုင်ခဲ့တာတွေ
ဒီရုပ်ရှင်ထဲ အကုန်ပါ ပါတယ်….
သင်ကြည့်နေပါတယ်လို့ စိတ်ထဲ
အတွေးမဝင်ခင်လေးမှာ ဒီရုပ်ရှင်ရဲ့
အဆုံးသတ်ကို ရောက်သွားပါလိမ့်မယ်…..
ဘာပဲ ဖြစ်ဖြစ် ဇာတ်လမ်းအဆုံးသတ်မှာ သင်ပြုံးမိပါလိမ့်မယ်
ဝမ်းနည်းအပြုံးလား ပျော်ရွှင်တဲ့ အပြုံးလားဆိုတာကိုတော့
ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်….
😀