Movie Name
The Man Who Knew Infinity (2015)
Year
2015
Generes
Biography, Drama
Code
03139
Type
Movie
Size
1 GB
Country
Hollywood
Description
လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ကာလ တခုသောနွေဦးရာသီမှာ အင်္ဂလန်မှာရှိတဲ့ Trinity ကောလိပ်မြေပေါ်ကို အိန္ဒိယလူငယ်လေးတယောက်ဟာ အိပ်မက်တွေတပွေ့တပိုက်နဲ့ မဝံ့မရဲခြေချခဲ့ပါတယ်။ … Ramanujan ဆိုတဲ့ ဒီလူငယ်ဟာ အင်္ဂလန်မြေကို ရောက်လာဖို့ သူ့ဘဝတခုလုံး ပုံအောခဲ့ရတာဖြစ်ပါတယ်။ သူဟာ အိန္ဒိယမှာ သာမန်စာရေးအလုပ်ရဖို့ ရုံးပေါင်းစုံမှာ အောက်ကျို့ပြီးအလုပ်လိုက်တောင်းသည့်တိုင် နေရာကောင်းကောင်း မရပါဘူး။ သူ့မှာ ဘွဲ့ဒီဂရီမရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ဝါသနာအရ သင်္ချာပညာကို လေ့လာလိုက်စားမှုဟာ သူ့ကို ကမ္ဘာသစ်တခုထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့လေ့လာတွေ့ရှိချက်များဟာ သူ့အတွက် အင်္ဂလန်သွားသင်္ဘောလက်မှတ် ဖြစ်စေခဲ့ပါတယ်။ … ရာမနုဂျန်တယောက် အင်္ဂလန်မြေကို အရဲစွန့်ရောက်လာချိန်ဟာ အိန္ဒိယဟာ ဗြိတိသျှကိုလိုနီဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ပါမောက္ခတွေဟာ နဂိုကမှ ကိန်းခန်းကြီးတဲ့အပြင် လက်အောက်ခံနိုင်ငံတခုက အောက်ခြေလူတန်းစားသာဖြစ်တာမို့ အသက် ၂၇ နှစ်အရွယ် ဒီလူငယ်ကိုတွေ့ကာစမှာ သူတို့ သိပ်တော့အထင်မကြီးပါဘူး။ … ဒါပေမယ့် သွေးကြီးတဲ့ Cambridge ပါမောက္ခကြီးတွေနဲ့ အိန္ဒိယလူငယ်လေးကို တခုသောအရာက နီးကပ်စေခဲ့ပါတယ်။ အဲဒါကတော့ ပညာဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ … တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာ အတွေးဝင်မိတာရှိပါတယ်။ အဲဒါကတော့ ပညာကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပုံခြင်းတူရင် လူမျိုးအဆင့်အတန်းကွာခြားမှုတွေ ရှိနေသည့်တိုင် နီးစပ်သွားနိုင်ပြီး ပညာအပေါ်တန်ဖိုးထားမှုမတူတဲ့အခါ အသိုက်အဝန်းတခုအတွင်း ရှိနေသည့်တိုင်အောင် ဝေးကွာနေတတ်တယ်ဆိုတာပါပဲ….. … ဒီကားထဲမှာ ကြိုက်မိတဲ့ dialogue လည်း ရှိပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးရဲ့ ပရိဝုဏ်မြေအနင်းမှာ မင်သက်အံ့သြသွားတဲ့ အိန္ဒိယသားလေး Ramanujan ကို John Littlewood က ယခုလို အားပေးစကားပြောပါတယ် …