Movie Name
THE MARINE 4 (2015)
Year
2015
Generes
Action
Code
03140
Type
Movie
Size
516 MB
Country
Hollywood
Description
ဒီဇာတ်ကားကတော့ အက်ရှင်ကားချစ်သူတွေ အကြိုက်တွေ့စေမှာပါ…ဒီဇာတ်ကားမှာ မရိန်းတပ်သားတစ်ယောက်ရဲ့ အရည်အချင်းတွေကို သိသာအောင် တင်ဆက်ထားပါတယ်… ဇာတ်လမ်းအကျဉ်းလေးဆီသွားရအောင် ဂျိတ်ခ်ကာတာ (Jake Carter) ဟာ မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်…တစ်နေ့မှာ သူတို့ကုမ္ပဏီက လူတစ်ယောက်ကို ကာကွယ်ဖို့အတွက် တာဝန်ကျလာပါတယ်…ဂျတ်ခ်တို့ကာကွယ်စောင့်ရှောက်ရမယ့်သူက အိုလီဗီယာ တန်းနစ်စ် (Olivia Tanis) လို့ေခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမဟာ ကာကွယ်ရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချမယ့်သူတစ်ယောက်လည်းဖြစ်ပါတယ်… ဒီလိုနဲ့ သူမကို ခေါ်ဆောင်လာတဲ့ အချိန်မှာ ဆိုင်မွန်ဗိုဂယ် (Simon Vogel) လို့ခေါ်တဲ့ တောင်အာဖရိကအထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက် ဦးဆောင်တဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့က ဂျိတ်ခ် တို့ရဲ့ ယဉ်တန်းကို ခြုံခိုတိုက်ခိုက်တဲ့ အခါမှာတော့….. ဒီအချိန်ကစပြီး အပစ်အခတ်အက်ရှင်ခန်းတွေနဲ့ တရစပ်တင်ဆက်ထားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်…ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် သိပ်မညွှန်းတော့ပါဘူး…ကြည့်ရှုခံစားပေးပါဦး ဒီဇာတ်ကားဟာ IMDb rating 5.3/10 ရရှိထားပြီး ဇတ်ကားထဲမှာ WWE ထဲက ဖိုက်တာနှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့မြင်ရမှာပါ…အက်ရှင်ဦးစားပေးဖြစ်လို့ ဇာတ်လမ်းဇာတ်ကွက်မရှိပေမယ့် ပရိတ်သတ်အတွက် မပျင်းစေရပါဘူး…မရိန်းတပ်သားတွေရဲ့ အရည်အချင်းဘယ်လောက်ရှိလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်လိုက်ကြရအောင်ဗျာ…. (ဒီဇာတ်ကားအတွက် စာတန်းထိုးနဲ့ အညွန်းရေးသူကတော့ CMပရိသတ် Ye’ Kyaw Htetပဲ ဖြစ်ပါတယ်။ 500 MBနဲ့ 720pကို ရအောင်လုပ်ပေးနိူင်တာ Channel Myanmarတစ်ခုထဲရှိတာမို့ ဒေါင်းတဲ့လူတွေ အဆင်ပြေကြမယ်လို့ ယုံကြည်ပါတယ်)