Movie Name
The Mole Song Undercover Agent Reiji (2013)
Year
2013
Generes
Action, Comedy
Code
03146
Type
Movie
Size
1 GB
Country
Japan
Description
အမြဲတမ်း တလွဲတွေလုပ်တတ်တဲ့ Reiji Kikukawa ဟာ ပေါတောတောနေတတ်ပေမယ့် တရားမျှတမှုကို မြတ်နိုးလိုလားသူတစ်ယောက်ပါ အဲဒါကြောင့် သူဟာ ရဲအကယ်ဒမီတက်ခဲ့တယ် ဒါပေမဲ့ အနိမ့်ဆုံးရမှတ်တွေ မှတ်တမ်းတွေနဲ့ပဲ သင်တန်းဆင်းခဲ့ပြီး ရဲသားတစ်ယောက်ဖြစ်လာပါတယ် တစ်ရက်မှာတော့ မမျှော်လင့်ပဲ စည်းမျဉ်း စည်းကမ်းကိစ္စတွေနဲ့ ပတ်သတ်ပြီး ရဲချုပ်က သူ့ကို အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ သေချာဇာတ်တိုက်ထားတဲ့ အရာတစ်ခုပါပဲ။ သူဟာ သူလျှိုတစ်ယောက် ငပွေးတစ်ကောင်အဖြစ် ဘဝတစ်ဆစ်ချိုး ပြောင်းလဲလာခဲ့ပါတယ်။ သူ့ရဲ့ပစ်မှတ်က Sukiyakaki ဂိုဏ်းခေါင်းဆောင် Shuho Todoroki ပါ ။ အဲဒီဂိုဏ်းက Kanto နယ်တဝှမ်းမှာတော့ အကြီးမားဆုံး ရာဇဝတ်ဂိုဏ်းတစ်ခုပါပဲ။ တစ်ရက်မှာတော့ Sukiyakaki ရဲ့ နံပါတ်နှစ်ဖြစ်တဲ့ Masaya Hiura က Reiji ကို မျက်စိကျသွားပြီး သူ့ရဲ့ သွေးသောက်ညီအကိုအဖြစ် ရာကူဇာဂိုဏ်းထဲကို ထည့်သွင်းခဲ့ပါတယ် Reiji တစ်ယောက် ဘယ်လို အခက်အခဲများစွာ ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖြတ်ကျော်ပြီး ရာကူဇာဂိုဏ်းက Shuho Todoroki ဆီ ဘယ်လိုအရောက်သွားမလဲဆိုတာကတော့…..။ အဓိကဇာတ်ကောင် Reiji အဖြစ် For you in Blossom(2007), Maō, The brain man (2013), The top murder in mind (2016) အစရှိတဲ့ ဂျပန်ဇာတ်ကားကောင်းတွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Toma Ikata က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပါတယ်။ ဂျပန်ကားတို့ရဲ့ ထုံးစံအတိုင်း ဂျပန်ရသအပြည့်နဲ့ အက်ရှင်ဆန်ဆန် ဇာတ်မြူးလေးကို ကြည့်ရမှာပါ။ ကဲ…ဇာတ်လမ်းကို ကိုယ်တိုင်ကြည့်ရှုခံစားရင်း ဘဝအမောတွေ ပြေနိုင်ကျပါစေ…။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zonpwint Naing ဖြစ်ပါတယ်။) File Size…(999MB) and (400MB)