-
Movie Name
-
Mile 22 (2018)
-
Year
-
2018
-
Generes
-
Action, Thriller
-
Code
-
01050
-
Type
-
Movie
-
Size
-
881 MB
-
Country
-
Hollywood
-
Description
-
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီးမင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ်ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီးငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီးထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာအမေရိကန် အစိုးရပိုင်းက သူ့ကိုသဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်…သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ်ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲသတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလိုပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်…ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့မတွေ့ခဲ့ရပါဘူး…တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာအစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကိုကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်…အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ခံထားပြီး ၈ နာရီအတွင်း ဒေတာတွေ အပြီးဖျက်မယ့် စစ်စတမ် တစ်ခုပါထည့်သွင်းထားတော့ ဂျိမ်း တို့ အဖွဲ့ အကျပ်ရိုက်ကုန်ပါတယ်…လီ ဆိုတဲ့သူ က နာမည်ပဲ သိရတယ် သူ့နောက်ကြောင်း ဘာတစ်ခုမှလိုက်မရခဲ့ဘူး ဘယ်နိုင်ငံက သူလျိုလဲ အေးဂျင့်လဲ ဘာညာ ခြေရာခံမရဘူးလုံးဝ အစ အန ပျောက်နေတယ်…ဒီတော့ကာ အကြမ်းအရမ်း အက်ရှင်ခန်းတွေ နဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့မစ်ရှင် တစ်ခုကို CM Fan တွေဆီ တင်ဆက်ပေးလိုက်ပါတယ်…ဒီရုပ်ရှင်ကားကို Hein Thet Naing နှင့် May Thu တို့မှဘာသာပြန် တင်ဆက်ပေးထားပါတယ်…ရုပ်ရှင်ကား ရဲ့ စာကြောင်းများဟာ ပြီးပြည့်စုံစွာ ထွက်ရှိလာခြင်းမရှိသေးတာရယ် ဘာသာပြန်တဲ့ ကလေးတွေ ရဲ့ အားနည်းချက်တစ်ချို့ ရှိခဲ့ပါက ဖြည့်စွတ်နားလည်ကြည့်ရှုပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ် 😀(ရုပ်ရှင်ကားဟာ Webrip အဆင့်သာ ရှိသေးပြီးပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ပိုမိုကောင်းမွန်တဲ့ဘာသာပြန်မှု အသစ် ထွက်လာတဲ့အခါထပ်ပြီး Update လုပ်ပေးပါ့မယ် )