Movie Name
Never Said Goodbye (2016)
Year
2016
Generes
Drama, Romance
Code
01658
Type
Movie
Size
1.04 GB
Country
China
Description
ဒီဇာတ်လမ်းလေးဟာဆိုရင် ဂျွန်ဟို ဆိုတဲ့ ကိုးရီးယားကျောင်းသားလေးရဲ့ အချစ်ကို ပြသထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဂျွန်ဟိုဆိုတဲ့ ကောင်လေးက ရှန်ဟိုင်းမှာ လာနေရာကနေ ရှောင်ရိုးဆိုတဲ့ ကောင်မလေးကို ချစ်ကြိုက်မိသွားခဲ့ပါတယ်။ အဲ့ကောင်မလေးနဲ့ပျော်ရွှင်စွာနေထိုင်နေ တုန်းမှာပဲဂျွန်ဟိုဟာ သူ့အစ်မရှိတဲ့ အီတလီကို ထွက်သွားပါတယ်။ ကောင်မလေးကတော့ ဂျစ်ကန်ကန် လေးဖြစ်တဲ့ အတိုင်း ကောင်လေးကို ဒေါသတကြီးနဲ့ စောင့်မျှော် နေခဲ့ပေမဲ့ ဂျွန်ဟိုသေပြီဆိုတဲ့ သတင်းစကားလေးပဲ ကြားခဲ့ရပါတယ်။ ကောင်မလေးက မယုံပေမဲ့ အီတလီမှာ တစ်ကယ်ကို ဂျွန်ဟိုရဲ့ အသုဘ လုပ်ခဲ့ရုံမက ဂျွန်ဟိုနဲ့ အရမ်းချစ်ခင် တဲ့ ရှောင်ရိုးတို့ ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင် အသုဘကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အမှန်ကတော့ ဂျွန်ဟို မသေပါဘူး….. ဒါဆိုဘာလို့ ရှောင်ရိုးကို သေပြီလို့ပြောတာလဲ …..? ဘာလို့ အီတလီမှာ အသုဘလုပ်ခဲ့ရတာလဲ ……? ဂျွန်ဟိုကကောင်မလေးကို တစ်ကယ်ချစ်ရဲ့လား တကယ်ချစ်ရဲ့သားနဲ့ ဘာလို့ အီတလီကို သွားခဲ့ရဆာလဲ ဆိုတာတွေကို တော့ ဇာတ်ကားထဲမှာ ဆက်လက်ရှု့စားကျပါခင်ဗျာ…. IMDB Rating 7.5 ရရှိထားပြီးတော့ ဇာတ်ဆောင် ကိုးရီးယားမင်းသား Lee Joon-gi ကလည်း Resident Evil Final Chapter မှာ Commander Lee အနေနဲ့ လည်ကောင်း Scholar Who Walks the Night ဇာတ်လမ်းတွဲမှာ Kim Sung-yeol အနေနဲ့ လည်ကောင်း Moonlover ဇာတ်လမ်းတွဲတွင် Wang So အဖြစ်လည်ကောင်း ပါဝင်သရုပ်ဆောင်ထားလို့ ကျွန်တော်တို့နဲ့ မစိမ်း တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။