Movie Name
Suddenly Seventeen (2016)
Year
2016
Generes
Drama, Fantasy, Romance
Code
01663
Type
Movie
Size
765 MB
Country
China
Description
ဒီကားလေးကိုညွှန်းရမယ်ဆိုရင်တော့ အသက်ကြီးကြီးကျက်သရေရှိတဲ့မိန်းမတစ်ယောက်ကနေ အသက် ၁၇ နှစ်အရွယ် ကောင်မလေးအရွယ်စိတ်ကိုပြန်လည်ရောက်သွားစေတဲ့ ဟာသနဲ့ချစ်ခြင်းတရားကို ပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်…. ဒီကားလေးကိုတင်ဖြစ်တဲ့အကြောင်းကတော့ အမှတ်မထင်ဒီကားလေးရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို Editing လုပ်ထားတာကိုမြင်လိုက်ရလို့ဖြစ်ပါတယ်…သေချာကြည့်တော့လည်းတကယ်လည်းကောင်းတာကြောင့် % buffered 00:15 00:16 Download Your browser does not support the video tag. အားလုံးလည်းကြည့်ရစေရန်ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်…. ဇာတ်ကားလေးရဲ့ အကြောင်းကိုပြန်လည်ပြောရမယ်ဆိုရင် ကိုယ့်ကိုချစ်တဲ့သူရဲ့အလုပ်ကြိုးစားမှု့တွေကြောင့်နောက်ပိုင်း ဘေးရောက်လာတယ်ဆိုတဲ့ခံစားချက်ကို ခံစားရတဲ့ မိန်းမတစ်ယောက် တစ်နေ့ သူတီဗွီအစီစဉ်တစ်ခုကြည့်နေရင်း မှော်ဆန်တဲ့တင်ဆက်မှု့တစ်ခုကိုတွေ့သွားခဲ့ပါတယ်… အဲဒါကတော့ မှော်ဆန်တဲ့ချောကလက်ပဲဖြစ်ပါတယ်… ဒီချောကလက်ဟာ တခါစားလိုက်တိုင်း ကိုယ့်အသက်ကိုပြန်ငယ်သွားစေပြီးတော့ လူနှစ်ယောက်အသွင်ကိုဖြစ်သွားစေပါတယ်….ပထမမိန်းကလေးကအသက်ကြီးကြီးမိန်းကလေးဖြစ်ပြီး ဒုတိယမိန်းကလေးကတော့ အသက် ၁၇ အရွယ် မိန်းကလေးကိုဖြစ်သွားစေတာပဲဖြစ်ပါတယ်… သူမတို့နှစ်ယောက်ဟာ ချောကလက်တစ်ခါစားပြီးတိုင်းတစ်ယောက်အကြောင်းတစ်ယောက်သိစေဖို့ Video လေးတွေကိုအချိန်မပြည့်ခင်ရိုက်ထားပြီးတစ်ယောက်နဲ့တစ်ယောက် ဘာတွေလုပ်ခဲ့တယ်ဆိုတာ အသိပေးကြပါတယ်… သူမအသက်၁၇ ဖြစ်တဲ့အချိန်မှာတော့ စိတ်တမျိုးနဲ့ ကောင်လေးတစ်ယောက်ကိုချစ်ကြိုက်မိသွားခဲ့ပါတယ်… အဲဒီအတွက်ကြောင့် နောက်ဆက်တွဲအချစ်ရဲ့ပြသနာတွေကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ကြုံတွေ့လာရမှာပဲဖြစ်ပါတယ်… ဇာတ်လမ်းတစ်ခုလုံးကိုမရိုးအောင်ကြည့်ရမှာဖြစ်ပြီးတော့ သူမစားလာတဲ့ချောကလက်ဟာ နောက်ဆုံး၁၀ခုသာကျန်တော့တဲ့အချိန်မှာတော့ ဇာတ်ကားရဲ့အမြင့်ဆုံးအရှိန်ကိုဆွဲခေါ်သွားစေမှာပဲဖြစ်ပါတယ်… ချောကလက်မရှိတော့လို့ အသက် ၁၇ နှစ်အရွယ်ကောင်မလေးက သူချစ်တဲ့ကောင်လေးနဲ့ဆုံနိုင်မလား အသက် ၂၈ နှစ်အရွယ်ကောင်မလေးကကော သူအရမ်းချစ်ရတဲ့ကောင်လေးရဲ့အချစ်ကို ပိုင်ဆိုင်နိုင်မလားဆို ရယ်လည်းရယ်ရ သနားစရာလည်းကောင်းတာမို့ အချစ်ကားကောင်းကောင်းလေးနဲ့ ဆန်းဆန်းလေးတွေကို ကြည့်တာကြိုက်တဲ့ပရိတ်သတ်တွေအတွက် စိတ်ကျေနပ်စေမယ့် ကားလေးတစ်ကားလို့ညွှန်းပါရစေ.