-
Movie Name
-
Sea Of Greed (လောဘရဲ့ပင်လယ်)
-
Year
-
2019
-
Generes
-
Drama, Family
-
Code
-
ST0121
-
Type
-
Series
-
Size
-
12 GB
-
Country
-
Thai
-
Description
-
ဇာတ်လမ်းအကျဉ်းက .. FahSai(Vill) သူမရဲ့အမေ အဖေ အစ်ကိုဖြစ်သူတို့နဲ့အတူတူနေထိုင်တယ်.. သူမတို့မိသားစုက ဆင်းရဲပီး အကြွေးတွေကြောင့် Fahsai ဟာ ဟိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ရတယ်. ဟိုတယ်ပိုင်ရှင် သူဌေးကြီးက Fahsai ကိုမြင်တော့သူ့သမီးလေးကို အမှတ်ရပီး Fahsai ကို သူ့သမီးလေးလိုသဘောထားဆက်ဆံတယ်. ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူဌေးကြီးရဲ့ မိန်းမနဲ့သမီးဟာ မတော်တဆမှုတစ်ခုကြောင့် ပင်လယ်ထဲမှာ ပျောက်ဆုံးသွားခဲ့တာမို့ .! သူဌေးကြီးရဲ့နောက်မိန်းမကလောဘကြီးပီး သူဌေးကြီးပိုင်ဆိုင်သမျှစည်းစိမ်အားလုံးကိုလိုချင်နေတဲ့သူ.. ဒါပေမဲ့ သူမရဲ့သား Pat(Jes)ကတော့စိတ်သဘောထားမှန်ကန်တဲ့သူ.. သူဌေးကြီးရဲ့Fahsai အပေါ်သမီးလေးလို နွေးထွေးစွာဆက်ဆံမှုများကြောင့် နောက်မိန်းမက သူဌေးကြီဟာ Fahsai ကိုသဘောကျနေတယ်လို့အထင်မှားပီး Vill ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်.. နောက်တော့ သူမသိလိုက်ရတာက..Fahsai သူဌေးကြီးရဲ့ပျောက်ဆုံးသွားတဲ့ သမီးအရင်းဖြစ်နေတယ်ဆိုတာပါပဲ.. အဲ့လိုတွေကြားထဲမှာမှ Fahsai နဲ့ နောက်မိန်းမရဲ့သား Pat (Jes) ရဲ့အချစ်ဇာတ်လမ်းကလည်းပေါ်ပေါက်လာပါတယ်.. ကဲ ဒီတော့ လောဘကြီးလှတဲ့ နောက်မိန်းမဟာ ဘယ်လိုတွေ အကောက်ကြံဦးမလဲဆိုတာ.. Pat နဲ့ Fahsai ရဲ့အချစ်လမ်းခရီးဟာ အထင်လွဲမှုတွေ,အခက်အခဲအမျိုးမျိုးကြား ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့..စောင့်ကြည့်ကြတာပေါ့နော်😉 (ဒီကားရဲ့ထူးခြားချက်လေးကတော့ ခေါင်းဆောင် မင်းသားနဲ့ မင်းသမီးက ဒီကားရိုက်ရင်း Real Couple တွေဖြစ်သွားကြတာပါနော်😁)