-
Movie Name
-
Sweet Sixteen (2016)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
01664
-
Type
-
Movie
-
Size
-
911 MB
-
Country
-
China
-
Description
-
ကဲ ဒီတစ်ခေါက် “Sweet Sixteen” ဆိုတဲ့ မ နဲ့ မောင် ရို တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းမှာတော့ Exo အဖွဲ့ဝင်ဟောင်း Kris Wu နဲ့ Super Junior အဖွဲ့ဝင်ဟောင်းHan Geng တို့က အဓိက ဇာတ်ဆောင်များအဖြစ် သရုပ်ဆောင်ထားပါတယ်…
Kpop ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် Chinese ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်…
ငိုရမှာမို့ တစ်ရှူးလေးဆောင်ထားကြနော်…
ရင်ခုန်တတ်စ အရွယ်မှာချစ်တာက အချစ်စစ်လား…စိတ်ကစားတတ်တဲ့အရွယ်မို့ အချစ်စစ် မဖြစ်ရပြန်ဘူးလား…အချစ်တွေထဲမှာမှ တဖက်သတ်အချစ်က အဆိုးဆုံးပေပဲ…
ကိုယ်ချစ်သလို သူက ပြန်မချစ်ပြန်… သူ့ကို အနားကကြည့်နေရုံလေး…ပေးဆပ်ခြင်းတွေနဲ့ပဲ ရင်းနှီးရတဲ့ တဖက်သတ်အချစ်… အချစ်ဆိုတာ ထူးဆန်းလွန်းတယ်…
% buffered
00:00
00:16
Download
Your browser does not support the video tag.
ကံကြမ္မာဆိုတာလဲ ထူးဆန်းလွန်းတယ်…ဘယ်လောက်ပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပါစေဦးတော့…
မတိုက်ဆိုင်မှု မတူညီမှုတွေကြောင့် လမ်းခွဲခဲ့ရတဲ့ ချစ်သူတွေကော မရှိပေဘူးလား….
ကိုယ့်ထက် အသက်ကြီးတဲ့ကောင်မလေး ယာဝမ်ကိုမှ တစ်ဖက်သက်ချစ်နေမိတဲ့ ကောင်လေး ရှားမူ…
ယာဝမ်ဘက်ကတော့ သူ့ကို မောင်နှမထက်မပိုခဲ့… ငယ်စဉ်တည်းကသံယောဇဉ်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ခဲ့ကြတဲ့ ယာဝမ်နဲ့ ရှောင်ထျန်း…
ရှောင်ထျန်းကလဲ ယာဝမ်အပေါ် မေတ္တာရှိတယ်…ယာဝမ်ကလဲ ရှောင်ထျန်းကို စိတ်ဝင်စားခဲ့တယ်…
ဒီကြားထဲ ယာဝမ်အချစ်ကို မရရအောင် သိမ်းပိုက်ချင်တဲ့ သူဌေး ကျူဝေရန်…ဒီလေးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲ….
အချစ်ဆိုတာလဲဆန်းကြယ်ပါတယ်..ကိုယ်မမျှော်လင့်ထားတဲ့အချိန် ရောက်လာတတ်တာမျိုး…မမျှော်လင့်ဘဲထွက်သွားတတ်တာမျိုး…
တကယ်တော့ အချစ်ဆိုတာ သူပြန်ချစ်သည်ဖြစ်စေမချစ်တော့သည်ဖြစ်စေ ကိုယ့်ဖက်က ချစ်နေဖို့ပဲလိုတာပါ
သူ့ကို တကယ်ချစ်ရင်တော့ သူပျော်မယ့်နေရာကို သွားတာကိုဝမ်းမြောက်ဝမ်းသာ ခွင့်ပြုပေးရမှာပေါ့ဗျာ
တကယ်တော့ အချစ်ဆိုတာ နားလည်ရခက်တဲ့အရာတစ်ခုပါလား