-
Movie Name
-
The NoteBook (2004)
-
Year
-
2004
-
Generes
-
Drama, Romance
-
Code
-
03152
-
Type
-
Movie
-
Size
-
886 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားကို ရုပ်ရှင်ချစ်ဘော်ဒါတိုင်း ကြည့်ဘူးကြမယ်လို့ ယုံကြည်မိပါတယ်။
the notebook ဇာတ်ကားက အမေရိကန် အချစ်စာရေးဆရာကြီး
nicholas sparks ရဲ့ ဝတ္ထု ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။
သူ့အကြောင်းကိုလည်း ဒီpageတစ်နေရာမှာ ပြောပြဘူးခဲ့ပါတယ်။
ဟောလိဝုဒ်ရုပ်ရှင်လောကကို အလုပ်အကျွေ းပြု နေတဲ့စာရေးဆရာကြီးဆိုလည်း
မှားမယ်မထင်ပါဘူး။သူဝတ္ထု ကိုပြန်ရိုက်တဲ့ ဇာတ်ကားတိုင်း သောက်သောက်လဲ
% buffered
00:00
00:16
Download
Your browser does not support the video tag.
လူကြို က်များ အောင်မြင်တဲ့အတွက်ပါ။
ယခု the notebook ဇာတ်ကားကလည်း ဆယ်ကျော်သက်တွေကြားမှာ
အရမ်းလူကြို က်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
သူရဲ့ ဇာတ်ကားအများစုက ရိုးရှင်းတဲ့ ဇာတ်အိမ်လေးတွေနဲ့ အချစ်ကို
ဆွတ်ပျံ့ကြည်နူးဖွယ်ဖြစ်အောင် ပုံဖော်တတ်ပါတယ်။အခြားအချစ်ကားတွေလို
ရှု ပ်ထွေးတဲ့ဇာတ်အိမ် လိင်ကိစ္စအသားပေးထားတာမျို း သူ့ဇာတ်ကားတွေထဲမှာ သိပ်ပြီးမတွေ့ရပါဘူး။
မနှစ်ကထွက်ထားတဲ့ the best of
meနဲ့ ယခု the notebookက ဇာတ်အိမ်တည်ဆောက်မှု က တူညီပါတယ်။
ဒါပေမယ့် ပိုပြီး ကောင်းသွားတာက ယခု the notebook ဇာတ်ကားဖြစ်ပါတယ်။
အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ryan Gosling နဲ့ Rachel McAdams တို့ရဲ့
အပေးအယူညီစွာသရုပ်ဆောင်နိုင်ပုံက ဇာတ်ကိုပိုကြွစေခဲ့တာပါ။
အထူးသဖြင့် အမျို းသမီး ဇာတ်ဆောင် Rachel McAdams က ဇာတ်ကို
ပိုရုပ်လုံးကြွအောင် ဆွဲယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ချစ်သူနှစ်ယောက်ကြားမှာ
ဝိရောဓိဖြစ်နေပေမယ့် အချစ်ဦးကိုပဲ ရွေးချယ်လိုက်ပုံ။ အချစ်ဦးကိုပဲ ချစ်ခင်စွဲလန်းပုံ စတဲ့
ဇာတ်ကွက်တွေမှာ လက်ဖျားခါလောက်တဲ့ သူမရဲ့
သရုပ်ဆောင်ပုံတွေကို ကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်။
ကဲ ကျွန်တော်တို့ ပြန်ပြီး အတူတကွ ခံစားလိုက်ကြရအောင်။
————–
စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် ယခု ဇာတ်လမ်း အကြောင်းအရာသည်
စတင်မွေးဖွားခဲ့၏။ ဖြစ်ခဲ့ပြီးသား ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြီး နောက်ကြောင်းပြန်ခြင်းဟု
အဓိပ္ပါယ်ဖွင့်ဆိုလို့ရ၏။နှလုံးရောဂါဖြင့် ဆေးကုနေသော
အဘိုးကြီး duke တွင် ဝတ္ထု စာအုပ်တစ်အုပ်ပါလာသည်။သူနဲ့အတူတူဆေးကုသမှု ခံနေရသည့်
အဘွားကြီးတစ်ယောက်လည်းရှိသည်။အဲဒီအဘွားကြီးမှာ
dementia စိတ်ကလျဉ့်ကလျား ရောဂါစွဲကပ်နေသည်။အတိတ်မေ့နေသူဖြစ်သည်။
အဲဒီ အဘွားကြီးကို dukeက ဂန္တဝင် အချစ်ဝတ္ထု တစ်ပုဒ်ကို ဖတ်ပြခဲ့လေသည်။
———————-
1940ခုနှစ် နွေရာသီ ကာလ ။ကာရိုလိုင်းနားတောင်ပိုင်း
ဆီဘရွတ်ကျွန်းဒေသတွင်ဖြစ်သည်။
ကစားပွဲတော်တစ်ခုမှာ သစ်ခွဲအလုပ်သမားလေး noah သည် ကောင်မလေးတစ်ယောက်နဲ့ဆုံဆည်းခဲ့သည်။
အဲဒီကောင်မလေး ရဟတ်စီးနေချိန်တွင် သူ ရဟတ်ကိုင်းကို ကိုင်ပြီး ခင်မင်ခွင့်တောင်းခဲ့သည်။
သူတို့နှစ်ဦးသားရင်းနှီးသွားကြ၏။
ကောင်မလေးအမည်က allieဟု ခေါ်၏။noahတို့ ဒေသကမဟုတ်။ရွှေလှောင်ချို င့်ထဲက
ကြို းကြာငှက်ကလေးဖြစ်သည်။နွေရာသီအားလပ်ရက်မို့လို့ သူမတို့မိသားစု noahတို့ဒေသကို
အပန်းဖြေလာရောက်ခြင်းဖြစ်သည်။
naohက allieကို ကျွန်းတစ်ဝိုက် လျှောက်ပို့၏။လွတ်လပ်ခြင်းအရသာကို အဓိပ္ပါယ်ဖော်ပေးသည်။
ကတ္တရာလမ်းပေါ် အတူတကွ လဲလျောင်းကြသည်။ကောင်းကင်ကကြယ်တွေငေးကြည့်ကြ၏။
လမ်းပေါ်မှာကခုန်သီချင်းဆိုကြသည်။ noahသူငယ်ချင်းစုံတွဲနဲ့အတူ ရုပ်ရှင်သွားကြည့်ကြသည်။
allie ခမျာ ခုမှပျော်နေရ ရှာသည်။
17နှစ်နှစ်အရွယ်ထိ မိဘစည်းကမ်းအောက်တွင် နေခဲ့ရသောသူမအတွက်ခုမှကမ္ဘာကြီးဆိုတာ
ပျော်စရာကောင်းပါလားဆိုတာ သိရှိခံစားမိခဲ့ရ၏။ပြီးတော့ သူမရင်ထဲကို
noahဆိုတဲ့ ဒေသခံလူချောလေးတစ်ယောက် စိုးမိုးဝင်ရောက်လာခြင်းပါပဲ။
သူမလို စွာတေးလန်ကောင်မလေးတစ်ယောက်ကို အရမ်းအနွံတာခံသည်။
သူမကို ကြည့်ပြီဆိုလည်း အားငယ်နေတဲ့မျက်လုံးလေးတွေနဲ့
သူ၏သိမ်ငယ်မှု ကို တတ်အားသမျှ ဖုံးဖိနေရှာသည်။
allie တစ်ယောက် noahကို အရမ်းချစ်မိသွားတော့သည်။သူတို့နှစ်ဦးသား၏
အချစ်သည် ကောင်းကင်က လင်းပွင့်နေတဲ့ ကြယ်တွေနဲ့အပြို င်ဖြစ်သည်
။ရေပြင်မှာလည်းရှိသည်။မြေပြင်မှာလည်းရှိ၏။allie ၏နှလုံးသားသည်
noahထံမှာ ရှိပြီး noah၏ နှလုံးသားထဲမှာတော့ allie၏ နှလုံးသားအစုံရာက်ရှိသွားတော့၏။
တစ်ယောက်နဲ့တစ်ယောက်စကားများကြသည်။ရန်ဖြစ်ကြသည်။ထုကြ ရိုက်ကြပုတ်ကြ၏
။ပြီးလျှင် အပြို င်အဆိုင် တောင်းပန်တတ်ကြ၏။
allieကို noahတို့ သစ်ခွဲရုံက အလုပ်သမားတွေကလည်း ရင်းနှီးနေကြပြီ။
အဲဒီအလုပ်သမားမိသားစုတွေနဲ့allieတို့ ကခုန်ပြီးသီချင်းဆိုကြသည်။
ကြယ်ရောင်တောက်တဲ့ညအချိန်တွေမှာဆို allie က noahတို့သားအဖ၏
အိမ်ကလေးကို အလည်သွားတတ်၏။
noahက ဝှစ်မန်း၏ ကဗျာတွေကိုဖတ်နေသည်
noah ၏ ဖခင်ကြီးကလည်း သဘောကောင်း မနောကောင်းကြီးဖြစ်၏။
သူတို့နှစ်ဦးသားကို ညကြီးမင်းကြီးမှာတောင် ပန်ကိတ်တွေ လုပ်ကျွေ းသေးသည်။
noahက သူ၏ ကားစုတ်ကြီးနဲ့
allieကို သူမတို့ ဂေဟာကို လိုက်ပို့သည်။ allie နဲ့noahတို့၏ ဘဝသည်
မိုးမြေပမာကွာခြားလွန်းပါသည်။
တစ်ရက်တွင် allie မိသားစုက ဖိတ်၍ ကမ်းခြေစားပွဲကို noah သွားခဲ့ရသည်။
လူကုံတန်များကြားတွင် သိမ်ငယ်နေသည်ကို allieသိနေ၏။allie ဖခင်က
noah အလုပ်အကိုင်ကိုမေးသည်။ပြီးတော့တစ်ဟားဟားရယ်ကြ၏။
သူ့ခမျာ ဟာသဖြစ်နေရှာသည်။
allie မိခင်က noahကိုသဘောမကျပါ။အဲဒီလိုကောင်လေးနဲ
့ ငြိစွန်းသွားမှာကို မလိုလားချေ ။
allieကို နွေရာသီဇာတ်လမ်းတစ်ပုဒ်အဖြစ်သာ ပြီးပျက်စေလိုသည်။
allieက တမ်းတမ်းစွဲချစ်နေပေပြီ။
နောက်တော့ allie မိခင်က နွေရာသီကာလကုန်အောင်မနေတော့ပဲ အိမ်ပြန်ရန် ရာဇသံချတော့သည်။
allieက ဖခင်ကတော့ ထုံးစံအတိုင်း တုံဏှိဘာဝေပါပဲ။
allie ကြေကွဲရပြီ။ noahဆီသွား၏။ noahက ကမ်းခြေ ချောင်းလက်တက်တစ်ခုအနားက
အိမ်ပျက်ကြီးဆီ ခေါ်သွားသည်။အဲဒီနေရာမှာပဲnoah က ရည်မှန်းချက်တွေကို allieထံပြောပြခဲ့၏။
နောင်တစ်ချိန်မှာ ဒီအိမ်ကြီးကို ပြင်မည်။သူအရမ်းချစ်သော allie ဖြစ်ချင်သလိုမျို း
အိမ်ရှေ့မှာ ဆင်ဝင်ကြီးဆောက်ပေးမည်။ပြီးတော့ ချောင်းစပ်ကို မျက်နှာမူပြီး
allieအတွက် ပန်းချီဆွဲခန်းလေးတစ်ခု ဆောက်ပေးမည်။
အဲဒီညက သူမတို့အချစ်တွေနဲ့ လင်းပွင့်လှပခဲ့သည်။ချစ်ရည်လူးနေကြချိန်မှာ
————-
အဘိုးကြီး စာအုပ်ကို ပိတ်ပြီး အဘွားကြီးကို လှမ်းကြည့်သည်။
အဘွားကြီး မျက်နှာတွင် ကြေကွဲရိပ်တွေ ဖြတ်ပြေးနေသည်။
ဆက်ဖတ်ဖို့ပြောသည်။ အဘိုးကြီး ဆက်မဖတ်ဖြစ်သေး။ဆရာဝန်ဆီသွား၍
သူ့ရောဂါအခြေအနေကို ပြောပြရသေးသည်။
သူ့မှာheart attack ရောဂါရှိနေသည်။
ပြီးမှ ဆက်ပြောသည်။
———–
ကဲဗျာ ပရိတ်သတ်ကြီးကပဲ အချစ်ကိုဆက်လက်ခံစားလိုက်ပါအုံးလားဗျာ
အချစ်မှာ အသက်အရွယ်မရှိဘူး။အချိန်ကာလ ကွာခြားတာမရှိဘူး။အိုမင်းခြင်း ငယ်ရွယ်
ခြင်းလည်းမရှိပါဘူး။ အဲဒီအချစ်ကလေးတွေနဲ့ allieနဲ့noah တို့ရဲ့ နေကွယ်ချိန်က
ဆည်းဆာရောင်ခြည်ကလေးတွေနဲ့လှနေတာပဲလေ။
နေဝင်သွားလည်း ဆီးဘရွတ်က အချစ်အိမ်ကလေးကတော့ သူမတို့ထားပစ်ခဲ့တဲ့
ချစ်ခြင်းမေတ္တာကလေးတွေနဲ့ပဲ အေးမြလှပနေဦးမှာပါ။
အချစ်က သေဆုံးတယ်လို့မှ မရှိတာပဲလေ။
———
ရုပ်ရှင်ချစ်ဘော်ဒါများလည်း ချစ်သောသူနဲ့ ပေါင်းဖက်ဆုံဆည်းကြရပါစေ ဗျာ။
ဆုတောင်းခြင်းများစွာနဲ့
ဇာတ်လမ်း အညွှန်းလေးကိုကတော့ Nay Linn Eain မှရေးသားထားတာကို
ကူးယူ ဖော်ပြထားတာဖြစ်ပါတယ်ဗျ။