-
Movie Name
-
The Odd Life Of Timothy Green (2012)
-
Year
-
2012
-
Generes
-
Comedy, Drama, Family
-
Code
-
03155
-
Type
-
Movie
-
Size
-
702 MB
-
Country
-
Hollywood
-
Description
-
တစ်ချို့လူတွေက …
ကျွန်တော်တို့ရဲ့ ဘဝတွေထဲကို
တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်လာခဲ့ကြပြီး
ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့
မတူညီတဲ့ ရှုထောင့်တွေကနေ
မြင်ကြည့်တတ်အောင် သင်ပေးခဲ့တယ်
အဲဒီလိုလူတွေက အမြဲအမှတ်ရနေပေးဖို့
ထိုက်တန်ပါတယ်
———————————————-
အခန်းထဲမှာ ငိုကြွေးနေသည့် ဇနီးဖြစ်သူ Cynthia ရဲ့ အသံကိုနားစွင့်ရင်း James တစ်ယောက် သက်ပြင်းမောတွေ ချမိနေသည်။
သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ ကလေးလေးရဖို့ မဖြစ်နိုင်ခဲ့တော့ဘူးတဲ့ … နေ့လည်က ဆရာဝန် ပြောခဲ့သည့် စကားသံတွေကို ပြန်လည်ကြားယောင်နေမိ၏။
ဝမ်းနည်းကြတာချင်းအတူတူ မိန်းမသားဖြစ်သည့် ဇနီးသည်က ပို၍ဝမ်းနည်းမှာကို သူသိနေခဲ့ရသည်။
Cynthia အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ အတူထိုင်ရင်း ဇနီးဖြစ်သူ စိတ်အပြောင်းအလဲဖြစ်အောင် James တစ်ယောက် စာရွက်အပိုင်းအစလေးပေါ်မှာ ချရေးလိုက်သည်။
နောက်ဆုံးအကြိမ်အဖြစ် သူ့တို့နှစ်ဦး ဖြစ်စေချင်ခဲ့ကြတဲ့ ကလေးလေးရဲ့ ပုံပန်းသွင်ပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ချရေးပြီး မနက်ဖြန်မှာ စိတ်သစ်ကိုယ်သစ်နဲ့ စတင်ကြမည်။
% buffered
00:00
00:16
Download
Your browser does not support the video tag.
ဇနီးမောင်နှံနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကလေးလေးကို စိတ်ကူးပုံဖော်ပြီးနောက်မှာတော့ စာရွက်အပိုင်းအစလေးတွေ အားလုံးကို ဘူးထဲမှာထည့်ပြီး ခြံထဲက ဂေါ်ဖီထုပ်ပင်တွေကြားထဲမှာ အတူမြေမြှပ်လိုက်ကြသည်။
နှုတ်ဆက်ပါတယ် … ဖေဖေတို့ရဲ့ ဘဝထဲကို ဘယ်တော့မှ ရောက်မလာတော့မယ့် ကလေးလေးရေ …..
———————————————-
“ဂျိန်း!!!”
မိုးခြိမ်းသံကြောင့် James တစ်ယောက် အိပ်ယာကထပြီး အောက်ကိုဆင်းလာခဲ့သည်။
ဟနေသည့် အိမ်တံခါးကို ပြန်ပိတ်လိုက်ပြီး ရေခဲသေတ္တာဖွင့်ကာ ရေသောက်နေတုန်း အရိပ်ကလေးတရိပ် ဘေးကနေ ဖြတ်ပြေးသွားခဲ့တာကို James တစ်ယောက် သတိမထားလိုက်မိ။
သူ နောက်ထပ်သတိမထားခဲ့မိတာ တစ်ခုကတော့ သည်းကြီးမဲကြီး ရွာနေခဲ့တဲ့ ထိုမိုးဟာ သူတို့ရဲ့ အိမ်ဝန်းကလေးပေါ်ကိုပဲ ကွက်ပြီး ရွာနေခဲ့တာ ဆိုတာပါပဲ။
အိပ်ယာထဲဝင်ပြီး စောင်ခေါင်းမြီးခြုံအိပ်နေသည့် ဇနီးဖြစ်သူကို ဖက်လိုက်စဉ် အခန်းတံခါးကနေ Cynthia က ဝင်လာခဲ့၏။
ချက်ချင်း စောင်ကိုလှပ်ကြည့်လိုက်တော့ အရိပ်ကလေးက သူ့ဘေးကနေ လှစ်ခနဲ ထပြေးသွားခဲ့ကာ အိပ်ယာပေါ်မှာ မြေကြီးတွေသာ ပေကျံနေခဲ့လေသည်။
ဇနီးမောင်နှံနှစ်ယောက် တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာကြည့်ရင်း အိမ်ထဲမှာ တစ်ကိုယ်လုံး မြေကြီးတွေနဲ့ ညစ်ပေနေခဲ့သည့် ကလေးလေးတစ်ယောက်ကို တွေ့လိုက်ကြရ၏။
“ဟိုင်း …
သားနာမည် Timothy ပါ” တဲ့
———————————————-
ဘယ်ကမှန်းမသိ ရောက်လာခဲ့တဲ့ Timothy လေးကို ဇနီးဖြစ်သူက ရေချိူးသန့်စင်ပေးနေလေသည်။
James တစ်ယောက် ရဲစခန်းကို ဖုန်းဆက်ရင်း အပြင်ဘက်ကိုကြည့်မိတော့ ဂေါ်ဖီပင်တွေကြားက ခုနက မြေမြှပ်ခဲ့သည့် နေရာမှာ
ထူးဆန်းစွာ မြေကြီးတွေ ပုံပျက်နေတာကို တွေ့လိုက်ရ၏။
တစ်ဖက်မှာလည်း Tomothy လေးကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ Cynthia တစ်ယောက် ကလေးလေးရဲ့ ခြေထောက်နှစ်ဖက်မှာ ကပ်ပေါက်နေခဲ့တဲ့ ထူးဆန်းတဲ့ သစ်ရွက်လေးတွေကို မြင်လိုက်ရတဲ့အခါမှာတော့ …..
Timothy လေးဟာ James နဲ့ Cynthia Green တို့အတွက် သဘာဝတရားကြီးက ဖန်တီးပေးခဲ့တဲ့ ရင်သွေးလေးပဲလား ?
️”The Odd Life Of Timothy Green” ဟာ Disney ကနေ ထုတ်လုပ်ထားတဲ့ စိတ်ကူးယဉ် မိသားစုဒရာမာ ဇာတ်ကားလေးဖြစ်ပြီး 2012 က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
မင်းသမီး Jennifer Garner, မင်းသား Joel Edgerton တို့နဲ့အတူ ကလေးသရုပ်ဆောင်လေး CJ Adams တို့က အဓိကပါဝင်ထားပြီး Ahmet Zappa ရဲ့ ဇာတ်လမ်းကို Peter Hedges က ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာပါ။
#MMDB_Reviews #TheOddLifeOfTimothyGreen #KHSN
(ဇာတ်လမ်းအညွှန်းကိုတော့ MMDB Facebook Page မှကူးယူဖော်ပြထားတာဖြစ်ပြီ; ဘာသာပြန်သူကတော့