-
Movie Name
-
Slam Dance
-
Year
-
2017
-
Generes
-
Drama
-
Code
-
ST0122
-
Type
-
Series
-
Size
-
1.02 GB
-
Country
-
Thai
-
Description
-
Main Casts-
March Chutavuth,
Baifern Pimchanok
ဇာတ်လမ်းအကျဉ်းကတော့-
ကိုယ်စီဝါသနာပါရာဘဝအိပ်မက်တွေကိုအကောင်ထည်ဖော်ရင်း
ကျေနပ်နေကြတဲ့လူငယ်လေးတွေရဲ့အားကစားတက္ကသိုလ်တစ်ခု
ပြိုင်ပွဲတိုင်းမှာအနိုင်အရှုံးရှိသလိုလျှောက်လှမ်းချင်မိတဲ့
အိပ်မက်တွေတိုင်းရဲ့နောက်မှာအခက်အခဲတွေရှိတယ်
တင်းကြပ်စွာချုပ်ကိုင်ထားတဲ့စည်းမျဉ်းတွေရဲ့နောက်မှာ
လက်လွှတ်လိုက်ရမယ့်ကိုယ်ပိုင်ဘဝလွတ်လပ်မှုတွေလဲပါနေတယ်
စည်းကမ်းဘောင်တစ်ခုဟာမေဂျာတစ်ခုရဲ့အသက်ဆိုပေမယ့်
လက်တွေ့ဘဝထဲထိသက်ရောက်မှုတွေရှိလာတဲ့အခါ...
နပန်းအားကစားကိုချစ်မြတ်နိုးတဲ့ကောင်လေး"စင်"နဲ့
အကအားကစားကိုတန်ဖိုးထားတဲ့ Dancerမလေး "ဖန်း"
ရည်းစားထားခွင့်မရှိပါဘူးဆိုတဲ့စည်းမျဉ်းတွေရဲ့နောက်ကွယ်
ထိန်းချုပ်ထားရတဲ့ကိုယ်စီခံစားချက်တွေနဲ့လူငယ်လေးတွေ...
တနေ့မှာအိပ်မက်တွေကိုဖျက်စီးခံရတော့မယ့်
အခြေအနေမျိုးကြုံလာရချိန်
နပန်းမေဂျာနဲ့အကမေဂျာတဖက်နဲ့တဖက်ယှဉ်ပြိုင်အနိုင်ယူပြီး
မိမိမေဂျာပိတ်သိမ်းခံရမယ့်အနေအထားက
ကယ်တင်ကြရတော့မယ်အချိန်ရောက်လာတဲ့အခါ
ဘယ်ပုံစံဘယ်လိုကယ်တင်ကြမလဲ ဘာတွေကြုံတွေ့ရဦးမလဲ
မိမိတို့မေဂျာကိုတကယ်ရောကယ်တင်နိုင်ပါ့မလား?
စည်းမျဉ်းတွေကြောင့်ချုပ်ထိန်းထားခဲ့ရတဲ့
ခံစားချက်တွေကရောဘယ်လိုတွေဆက်ရှိလာမှာလဲ?
ဒီကားထဲမှာလူငယ်တွေကြား
ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေ
ကြုံတွေ့ရမယ့်Character မျိုးစုံနဲ့လူငယ်တွေကို
လူငယ်ဆန်ဆန်လေးမြင်တွေ့ရဦးမှာမို့
ကြည့်သင့်တဲ့ကားတစ်ကားပဲဖြစ်ပါတယ်
ဒါကြောင့်(၁၃)ပိုင်းထဲရှိတဲ့ဒီဇာတ်လမ်းလေးမှာ
ကိုယ်တိုင်ကျောင်းသားလေးတစ်ယောက်အဖြစ်
ဝင်ပြီးခံစားကြည့်လိုက်ရအောင်နော်💃💙