-
Movie Name
-
The Piper (2015)
-
Year
-
2015
-
Generes
-
Horror
-
Code
-
03164
-
Type
-
Movie
-
Size
-
754 MB
-
Country
-
Hollywood
-
Description
-
IMDb Rating 6.3 ရထားတဲ့ ကိုးရီးယား Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊
ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက သံသယမျက်လုံးတွေနဲ့ မယုံသင်္ကာ ကျီးလန့်စာစားနေရတဲ့ပုံ အပြင်လူသူစိမ်းလာတာကို မကြိုက်တဲ့ပုံတွေတွေ့ရပါတယ်။ သူတို့ရဲ့အခက်အခဲလေးကတော့ ရွာမှာကြွက်တွေက အရမ်းသောင်းကျန်းနေပါတယ်။ ကြွက်တွေဟာ ကြောင်တွေကို အရှင်လတ်လတ်စားပစ်တဲ့အထိ သောင်းကျန်းနေတဲ့ကြွက်လေးပါ၊ ဒီပြဿနာကို
ပုလွေသမား ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖြေရှင်းပေးသွားလဲ
ရွာမှာကြွက်တွေက ဘာကြောင့် သောင်းကျန်းနေရတာလဲ
ရွာက လူတွေက ဘာကြောင့်ကျီးလန့်စာစား မယုံသင်္ကာတွေနဲ့ ဖြစ်နေရတာလဲ
ပုလွေသမားနဲ့သားကလေးရော ပြဿနာဖြေရှင်းပြီး ဘယ်လိုဆက်ဖြစ်သွားလဲ ဆိုတာကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါ။`
(ဒီဇာတ်လမ်းလေးက ပုံပြင်ဇာတ်လမ်းကို အခြေခံထားပေမယ့် လူစရိုက်သဘာဝတွေကို အများကြီးပုံဖော်ပြသွားပါတယ်။ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာ ကိုပေါ်လွင်အောင်ရိုက်ပြနိုင်သလို English စာမတတ်ရင် အရူးလုပ်ခံရနိုင်တဲ့အကြောင်းကို ဒါရိုက်တာက Englishစာ အားနည်းတဲ့ ကိုးရီးယားလူထုကို ပါးပါးလေးချပြသွားခဲ့တယ်။ ပြီးတော့ ကိုယ်တိုင်က မကောင်းမှု ကျူးလွန်ထားတဲ့သူက သူတစ်ပါးကိုလည်း မယုံသင်္ကာ ဖြစ်တတ်ပြီးတော့ မယုံကြည်နိုင်၊ ကိုယ့်အပေါ်ဘယ်လောက်ကောင်းခဲ့ကောင်းခဲ့ ကိုယ်ဒုက္ခရောက်နိုင်တယ်ဆို တဒင်္ဂလေးအတွင်းမှာ ကိုယ်လွတ် ရုန်းတတ်တာတွေ။ပြီးတော့ ခေါင်းဆောင်အရွေးမှားရင် နောက်ဆုံးမှာ ဒုက္ခကောင်းကောင်း ရောက်တတ်ပုံတွေကို ပေါ်လွင်အောင် ရိုက်ပြသွားနိုင်တယ်။)