-
Movie Name
-
Chasing The Dragon (2017)
-
Year
-
2017
-
Generes
-
Action, Biography, Crime
-
Code
-
01672
-
Type
-
Movie
-
Size
-
351 MB
-
Country
-
China
-
Description
-
အားလပ်ရက်လေးမှာဇာတ်ကားသစ်အလန်းစားလေးကြည့်ရအောင် အမြန်ဆုံးဘာသာပြန်တင်ဆက်ပေးထားတဲ့ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Donnie Yen နဲ့ Andy Lau တို့ရဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ပေးလိုက် ပါတယ်။
ဒီဇာတ်ကားဟာ ဟောင်ကောင်-တရုတ် Action/Crime/Drama ကားလေးတစ်ကားဖြစ်ပြီး တကယ့်အပြင်က ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ Ng-Sekho ဆိုတဲ့သူရဲ့ဇာတ်ရုပ်ကို Donnie Yen ကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပြီး Andy Lua ကတော့ Lee Rock ဆိုတဲ့ဇာတ်ကားလေးထဲကဇာတ်ရုပ်အတိုင်း အကျင့်ပျက်ရဲလောကကသူတစ်ယောက်ဖြစ် သရုပ်ဆောင်ထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၆၃ခုနှစ်တွင် ဝူရှစ်ဟောင်ဆိုတဲ့လူတစ်ယောက်ဟာ တရုတ်ပြည်မကြီးကနေ ဗြိတိသျှကိုလိုနီတစ်ခုဖြစ်တဲ့ ဟောင်ကောင်ကိုတရားမဝင်ခိုးဝင်လာရကစပြီး မူးယစ်ပွဲစားတွေ အကျင့်ပျက်ရဲဝန်ထမ်းတွေ နဲ့ပြည့်နှက်နေတဲ့ မြေအောက်ကမ္ဘာက မူးယစ်ရာဇာကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အဲဒီခေတ်ကာလအတွင်းက မူးယစ်ဆေးပြဿနာတွေ ပြည့်တန်ဆာမှုတွေ ဂိုဏ်းစတားတွေရဲ့အကွဲအပြဲဇာတ်လမ်းတွေကို အဓိကထားပြီးဇာတ်လမ်းကြောရိုးယူထားပါတယ်။
အဲဒီခေတ်ကာကတွင်းက ရဲတွေနဲ့ဂိုဏ်းတွေကြားကရင်းနှီးတဲ့ ဆက်ဆံရေးအရ ဝူရှစ်ဟောင်နဲ့ လေလော့ဆိုတဲ့ရဲအရာရှိတို့ဟာ တွဲဖော်တွဲဖက်တွေဖြစ်လာရုံသာမက မြို့တွင်းဂိုဏ်းတွေကြားတိုက်ခိုက်မှုတစ်ခုမှာ လေလော့ကို ဝူရှစ်ဟောင်တစ်ယောက်အသက်ဘေးကနေကယ်တင်ခဲ့တဲ့ နောက်တော့ သွေးသောက်ညီအစ်ကိုတွေအဖြစ်ထိရင်းနှီးလာခဲ့ကြပါတယ်။
ဝူရှစ်ဟောင်တစ်ယောက် သူ့ရဲ့မူးယစ်ဆေးနယ်ပယ်ကိုပိုမိုချဲ့ထွင်လာနိုင်ခဲ့ပြီး လေလော့နဲ့လည်းဆက်ဆံရေးကျဲလာပါတယ်။