Movie Name
The Purge Anarchy (2014)
Year
2014
Generes
Action
Code
03170
Type
Movie
Size
742 MB
Country
Hollywood
Description
ဒီဇာတ်ကားဟာ iMDb rating အနေနဲ့ 6.5/10 ရရှိထားပြီး Action/Thriller အမျိုးအစားဖြစ်ပါတယ် Action ကားကြမ်းကြမ်းမှကြိုက်နှစ်သတ်သူတွေ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းလေးကတော့ 2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံ အစိုးရအဖွဲ့မှ နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။ တည်ထောင်သူအသစ်များ အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6 နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ အတွင်းတွင် လူသတ်မှုအပါအဝင် % buffered 00:00 -00:12 Download Your browser does not support the video tag. ရာဇဝတ်မှုများကိုတရားဝင် ကျူးလွန် ခွင့်ပေးထားပါတယ်။ ဇာတ်ကားရဲ့ဇာတ်အိမ်ကိုတော့ ဆဋ္ဌမမြောက် သုတ်သင်ရှင်းလင်းရေးညမှာ ဇာတ်အိမ်တည်ထားပါတယ် အဲ့ဒီနေ့ ညမှာ အပြင်ကို လက်နက်အပြည့်အစုံကားတစ်စီးနဲ့ ထွက်လာတဲ့ sergeantတစ်ဦးဟာ အိမ်ကိုအချိုးဖောက်အဝင်ခံရပြီး သုတ်သင်ရှင်းလင်းမှုခံရဖို့ ဆဲဆဲ Eva နဲ့ သူမရဲ့သမီး Cali တို့ကို မနေနိုင်သဖြင့်ဝင်ရောက် ကယ်ဆယ်ခဲ့ပါတယ် နောက်တစ်ခါ ခရီသွားလာရင်း ကားပျက်သွားပြီး သုတ်သင်ရှင်းလင်းရေးညကြီးမှာ ပိတ်မိသွားတဲ့ Shane နဲ့ Liz ဆိုတဲ့ လင်မယားနှစ်ယောက် နဲ့ထပ်မံ တွေ့ဆုံခဲ့ကြပြီး ဒီလူလေးယောက်ရဲ့ ဒီတစ်ညတာ အသက်ရှင်သန်ရေးဟာ အဆိုပါ sergeant ရဲ့ ခေါင်းပေါ်ကိုရောက်လာပါ တော့တယ် သူတို့ဒီတစ်ညတာကိုအသက်ရှင်လျှက်ဖြတ်သန်းနိုင်ပါ့မလား sergeantကရာ ဒီလူလေးယောက်လုံးကိုဘေးကင်းအောင် ကူညီနိုင်ပါ့မလား လက်နက်အပြည့်အစုံ နဲ့ အပြင်ကို ထွက်လာ တဲ့ sergeant ကရော သုတ်သင်ရှင်းလင်းရေးပွဲမှာ ပါဝင်ဆင်နွဲဖို့များလား ဒါမှမဟုတ်ဘာအကြောင်းတွေရှိလို့လဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ ဇာတ်ကားတစ်ကားလုံးရင်တထိတ်ထိတ်အသဲတစ်ယားယား ကြည့်ရှုခံစားရမှာဖြစ်ပါတယ်