Movie Name
The Purple Plain(1954)
Year
1954
Generes
Drama, War
Code
03171
Type
Movie
Size
950 MB
Country
Hollywood
Description
လေယာဉ်မှူးဘီလ်ဖော်ရက်စ်တာဟာ သူ့ချစ်သူနဲ့လန်ဒန်မှာ မင်္ဂလာပွဲကျင်းပနေတယ်….ချစ်ရသူနဲ့ပေါင်းဖက်ဖို့ အပြုံးကိုယ်စီနဲ့ပေါ့…ကံဆိုးစွာအဲ့ညမှာပဲ ဂျာမန်တွေက ဗုံးမိုးရွာချလို့ အဆောက်အဦးတစ်ခုလုံးပြိုကျတဲ့အပြင် ဇနီးလောင်းလေးလည်း သေဆုံးသွားရှာတယ်… ဖြေမဆည်နိုင်တဲ့ ဖော်ရက်စ်တာဟာ ဒီစိတ်ဒဏ်ရာကြီးနဲ့ စစ်ထွက် လာရတယ်…အဲ့ဒီမှာ သူအကြံရလာတယ်…နေလို့မကောင်းတဲ့လောကကြီးမှာ မြန်မြန်သေမှ သူခံစားရမှ သက်သာမယ်ဆိုပြီး စစ်ဆင်ရေးတွေမှာ ဘယ်သူမှ မလုပ်တဲ့ မိုက်ရူးရဲ စစ်ထိုးမှုတွေလုပ်ပါတော့တယ်… ဒီဇာတ်ကားက ကျွန်တော်တို့တော်တော်များများကြားဖူးကြမှာပါ…အဓိကက မြန်မာသရုပ်ဆောင်မင်းသမီးချောကြီး ဒေါ်ဝင်းမင်းသန်းပါတဲ့အပြင် မိတ္ထီလာဘက် မြန်မာအကြောင်းတွေလည်းပါလေတော့ အားလုံးနဲ့မစိမ်းဘူးထင်ပါရဲ့..သို့ပါသော်လည်း အကြည်လေးကြည့်ပြီး အမှတ်တရသိမ်းဆည်းပြီး သား မြေး မြစ်တို့ထိ လက်ဆင့်ကမ်းရင်း ဒါရှေးတုန်းက ငါတို့ရဲ့မင်းသမီးကြီးပေါ့လို့ ပြချင်ရင်ပြလို့ရအောင်ပါ… ၁၉၅၄ ခုနှစ်ဆိုပေမယ့် တော်တော်ကြည့်လို့ကောင်းပါတယ်….. မင်းသမီးကြီးကလည်း ကြည့်လိုက်တာနဲ့ ဂုဏ်သရေရှိ မြန်မာအမျိုးသမီး တစ်ယောက်မှန်းသိသာစေတဲ့အပြင် သရုပ်ဆောင်လည်း လွန်စွာကောင်းလှပါတယ်.. ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်…