-
Movie Name
-
Silent Witness (2013)
-
Year
-
2013
-
Generes
-
Drama, Thriller
-
Code
-
01686
-
Type
-
Movie
-
Size
-
1.10 GB
-
Country
-
China
-
Description
-
ဟောင်ကောင်က နာမည်ကြီးသူဌေးကြီး
လင်ထိုင်ရဲ့ သမီးငယ်လေး လင်မန်းမန်းဟာ
လူသတ်မှုတစ်ခုအတွက် တရားစွဲဆို ခံထားရပါတယ်။
CCTV အထောက်အထား အစုံအလင်နဲ့
ရဲစစ်ချက်တွေအရ လင်မန်းမန်းဟာ
% buffered
00:00
00:00
Download
Your browser does not support the video tag.
အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်ကျခံရမှာ ဖြစ်ပါတယ်။
သူသတ်လိုက်မိတဲ့ သူက သူ့အဖေရဲ့ ရည်းစား
နာမည်ကြီး အဆိုတော် ယန်းဒန်ပါ။
လင်မန်းမန်းဟာ ယန်းဒန်ကို အလွန်နှစ်သက်သဘောကျသူပါ။
အဆိုတော် တစ်ယောက်အနေနဲ့ အောင်မြင်နေတဲ့ ယန်းဒန်ဟာ
လင်ထိုင်ရဲ့ ဒုတိယအိမ်ထောင် ဖြစ်လာဖို့ နီးစပ်နေပါပြီ။
ဇနီးဖြစ်သူ ဆုံးပါးပြီးနောက်ပိုင်း မိန်းမပေါင်းများစွာထဲကမှ
သမီးဖြစ်သူနဲ့ သဟဇာတ ဖြစ်မယ့် ယန်းဒန်ကို ရွေးချယ်မိခဲ့တာ
လင်ထိုင်အတွက် ကြမ္မာဆိုး ဝင်တာပါပဲ။
သူနဲ့ လက်ထပ်ဖို့ ပြင်ဆင်ပြီးကာမှ
အခြားမင်းသားငယ်တစ်ဦးနဲ့ ဖောက်ပြားနေတဲ့
ယန်းဒန်အကြောင်းကို မီဒီယာတွေက ဖော်ထုတ်လိုက်ပါတယ်။
အဲဒီအဖြစ်အပျက် လင်မန်းမန်းဟာ ယန်းဒန်ကို
ကားနဲ့တိုက်ပြီး ထွက်ပြေးသွားပါတယ်။
ယန်းဒန်သေဆုံးရတာဟာ ကားနဲ့တိုက်လို့ မဟုတ်ပဲ သံချွန်တစ်ချောင်း ခေါင်းမှာ
စိုက်မိပြီး သေဆုံးရတာ ဖြစ်တာမို့ သေဒဏ်မကျနိုင်ရင်တောင်
ထောင်ဒဏ် ၁၅ နှစ် ကျမှာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ဖခင်ဖြစ်သူ လင်ထိုင်ဟာ ရှေ့နေလောကမှာ
နာမည်အကြီးဆုံးနဲ့ ဈေးအကြီးဆုံး ရှေ့နေ ကျိုးလီကို ငှားရမ်းပြီး
သမီးဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားပါတယ်။
တစ်ဖက်က အစိုးရရှေ့နေ (ဆွဲချ) ကတော့
လင်ထိုင်ရဲ့ မဟာရန်သူတော် ထုံတောက် ဖြစ်ပါတယ်။
ထုံတောက်ဟာ လင်ထိုင်ကို အခွန်ရှောင်မှု အပါအဝင်
အမှုပေါင်းများစွာနဲ့ တရားစွဲဆိုခဲ့ဖူးပေမယ့် သက်သေမခိုင်လုံမှုကြောင့်
အကြိမ်ကြိမ် လွတ်မြောက်သွားခဲ့ဖူးပါတယ်။
ဒီတစ်ကြိမ်မှာတော့ ထုံတောက်ဟာ လင်ထိုင်ရဲ့ ကြောက်မက်ဖွယ်
သက်သေဝယ်ယူမှုကို ကျော်လွှားဖို့ သန္နိဋ္ဌာန် ချထားပါတယ်။
ဒါပေမယ့် တကယ့်တကယ် တရားခွင်ရောက်တဲ့အချိန်မှာတော့
လင်ထိုင်ဟာ အစိုးရရှေ့နေရဲ့ သက်သေ သူ့ရဲ့ ကားဒရိုင်ဘာဟောင်းကို
လူသတ်တရားခံအဖြစ် ပြောင်းလဲထွက်ဆိုစေပြီး သူ့သမီး
လွတ်မြောက်အောင် စွမ်းဆောင်သွားခဲ့ပါတယ်။
ဒါကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တဲ့ ထုံတောက်ဟာ
နောက်ထပ် သက်သေတစ်ခု ရှာနေဆဲမှာပဲ ဘယ်ကမှန်းမသိတဲ့
သက်သေအထောက်အထားတစ်ခုကို ထပ်မံရရှိလိုက်ပါတယ်။
အဲဒီသက်သေ ဗီဒီယိုဖိုင်ထဲမှာ တော့….
မင်းသား Aaron Kwok ၊ Sun Hong Lei ၊
မင်းသမီး Yu Nan တို့ ခေါင်းဆောင်ပါဝင်ပြီး
ဒါရိုက်တာ Xing Fei ရိုက်ကူးထားတဲ့
Silent Witness ဟာ တရားဥပဒေနဲ့
သက်သေတွေရဲ့ကြားက
အားနည်းချက်၊ ဟာကွက်လေးတစ်ခုကနေ
တရားခွင်မှာ ဘာတွေ
ပြောင်းလဲသွားနိုင်လဲဆိုတာကို အသေးစိတ်
ခြယ်မှုန်းထားတဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ၊ တစ်ခုမှမပါပဲ ရာဇဝတ်မှုရေးရာ
စိတ်ပညာနဲ့ သက်သေတွေရဲ့ သက်သေခံမှုတွေကို အဓိကထား
ရိုက်ကူးသွားတာ ဖြစ်ပါတယ်။ ရိုက်ချက်အလန်းစားတွေ
ထည့်သွင်းထားပေမယ့် တချို့ဇာတ်ကွက်တွေကို မတော်တဆ
လက်လွတ်သွားမယ်ဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးကို
နားလည်ဖို့ ခဲယဉ်းပါလိမ့်မယ်။ IMDB Rating 7.1 ရရှိထားတာကြောင့်
ဇာတ်ကားကောင်းတစ်ကားဆိုတာ အငြင်းပွားစရာ မရှိပါဘူး။
ပြကွက်တိုင်းကို မျက်တောင်မခတ်ပဲ
အာရုံစိုက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။
(ဇာတ်ကားအညွန်းကို MMmovie Guideမှ ကူးယူဖော်ပြသည်)
ဒီရုပ်ရှင်ကားကိုတော့ Translator ကိုသိန်းထွန်းစိုး က
ဘာသာပြန်ပေးထားပါတယ်