Movie Name
The Unity Of Heroes (2018)
Year
2018
Generes
Action
Code
01691
Type
Movie
Size
743 MB
Country
China
Description
တရုတ်သိုင်းကားကောင်းများကို ကြိုက်နှစ်သက်ကြသူတွေအတွက် ၂၀၁၈ ထွက် IMDb – 6.1/10 ရှိတဲ့ Unity OF Heros ဆိုတဲ့ တရူတ်သိုင်းကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ ဂွမ်ဒေါင်ဆိုတဲ့ မြို့မှာ ဝမ်ဖေးဟုမ် လို့ခေါ်တဲ့ သိုင်းဆရာတစ်ယောက်ဟာ သိုင်းသင်တန်းပို့ချနေတဲ့ သိုင်းဆရာတစ်ယောက်ဖြစ်ပါတယ်။ ဝမ်ဖေးဟုမ်က အရပ်သားပြည်သူ့စစ်တွေကိုလည်း သိုင်းပညာသင်တန်းပေးနေတဲ့ မြို့မှာအတော်ဆုံး နံပတ်၁ သိုင်းဆရာတစ်ယောက်ပေါ့…။ တစ်မနက်မှာတော့ လူစိတ်ပျောက်ပြီး မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်နေတဲ့ လူတစ်ယောက် သူ့ခြံထဲဝင်လာတာကို တပည့်တစ်ယောက်ကတွေ့ပြီး သူ့ကိုဖမ်းချုပ်ပြီး ပြုစုထားခဲ့ပါတယ်..။ အဲ့ဒီအချိန် ဂွမ်ဒေါင်မြို့မှာ နိုင်ငံခြားသားတစ်ယောက်ဦးစီးတဲ့ ဆေးရုံတစ်ရုံလာဖွင့်ပါတယ်..။ ဘိန်းစွဲနေတဲ့တရုတ်လူမျိုးတွေကို ဆေးအလကားကုပေးမယ်လို့မက်လုံးပေးပြီး လူနာရှာပါတော့တယ်…။ ကံဆိုးစွာပဲ ဆေးလာကုတဲ့လူနာများဟာ ဆေးရုံထဲဝင်ပြီး ဘယ်တော့မှပြန်ထွက်မလာကြတော့တာပါပဲ။ ဆေးရုံက ထူးဆန်းတဲ့လျှို့ဝှက်ချက်တွေနဲ့ မြို့ရဲ့လေးစားရတဲ့ သိုင်းဆရာဝမ်ဖေးဟုမ် ဘယ်လိုများ ထိပ်တိုက်တွေ့ကြမလဲ..၊ရှုစားတော်မူလိုက်ကြပါဦး။