Movie Name
Us And Them (2018 )
Year
2018
Generes
Drama, Romance
Code
01694
Type
Movie
Size
1 GB
Country
China
Description
Us and Them 2018 IMDb Rating(7.3/10) / Rotten Tomatoes (100%) @5 Critic ဒီတရုတ်ဇာတ်ကားလေးကတော့ လူသိနည်းပေမယ့် Rating မြင့်တဲ့ အဖီးလ်ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း အမှတ်မထင်တွေ့ဆုံခဲ့ကြရာကနေ အရင်းနှီးဆုံးသူငယ်ချင်းတွေအထိဖြစ်လာကြတဲ့ ကျန့်ချန်းနဲ့ရှောင်ရှောင်း… ကျန့်ချန်းဆိုတဲ့ကောင်လေးက ဂိမ်းကစား ဂိမ်းတီထွင်ရတာကို အရမ်းစွဲလမ်းကြီးတဲ့ကောင်လေးဖြစ်သလို ရှောင်ရှောင်းဆိုတဲ့ကောင်မလေးကတော့ ရွတ်နောက်နောက်နေတတ်သူပါ…သူမရဲ့အိမ်မက်ကတော့ ပေကျင်းမြို့ပေါ်မှာအိမ်ထောင်အတည်တကျနဲ့ပျော်ရွှင်စွာနေထိုင်သွားဖို့ဖြစ်ပါတယ်… ဒါပေမယ့် ပေကျင်းမြို့ဆိုတာက နေထိုင်စရိတ်ကြီးသလို အလုပ်အကိုင်ကလည်း ရှားပါးပါတယ်.. ဘဝကိုရုန်းကန်လှုပ်ရှားနေရတဲ့ သူတို့နှစ်ဦးကြားမှာ မမျှော်လင့်ထားတဲ့အချစ်တစ်ခုပေါ်ပေါက်လာတဲ့အခါမှာ… အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦးရဲ့အချစ်ကခိုင်မြဲနိုင်မလား ဘဝဆိုတာ အချစ်တစ်ခုတည်းနဲ့ပြည့်စုံတတ်တဲ့အမျိုးလား သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကရော တကယ်ဖြစ်လာနိုင်မှာလားဆိုတာကတော့……။ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို အပြည့်ဝဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ရင်ထဲကိုထိတဲ့ကားလေးမို့ တစ်ရှူးလေးတော့ဆောင်ထားကြနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Ying Ying ဖြစ်ပါတယ်။)