Movie Name
The Royal Tailor (2014)
Year
2014
Generes
Drama
Code
03185
Type
Movie
Size
893 MB
Country
Korea
Description
တော်ဝင်အပ်ချူပ်သမားဆိုတဲ့ The Royal Tailor ဇာတ်ကားကဂျိုဆွန်ခေတ်မှာ အရမ်းတော်တဲ့ အပ်ချုပ်သမား အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ဖြစ်ပါတယ်။ မင်းသမီး Park Shin-Hye ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အကျီဝတ်စုံတွေဆိုတာ တစ်သတ်မတ်တည်းရှိနေပြီးတော့ အတိုအရှည်အတိုင်းအတာတွေဆိုတာလဲ တစ်ပုံစံတည်းဖြစ်တာကြောင့် မတော်တဲ့သူကမတော် ရှည်တဲ့သူကရှည် တိုတဲ့သူကတိုနဲ့အချိုးမကျနိုင်ခဲ့တာပါ ဒါကိုပြုပြင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ရှိပါတယ်။ ထင်ရှားလှတဲ့သူ့ရဲ့အရည်အချင်းကြောင့် မိဖုရားကနန်းတွင်းကိုခေါ်ဆိုခဲ့ပြီးတော့ ဘုရင့်ရဲ့အရင်ကဝတ်ရုံတော်ကိုပြန်လည်ပြင်ဆင်စေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘဝဆိုတာရရနေ ရရစားနဲ့ သူသဘောကျတဲ့ပုံစံကိုပဲလုပ်ဆောင်ချင်ခဲ့တဲ့ဘဝမျိုးဆိုတော့ အချိုးအကွေ့အပြောင်းအလဲကသိပ်တော့ မချိမြိန်လှပါဘူး။ နန်းတော်ရဲ့ပင်တိုင်အပ်ချုပ်ကြီးကလဲ သူ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့သူကိုနေရာပျောက်မှာစိုးရိမ်စိတ်တွေရော အချစ်ဇာတ်လမ်းသေးသေးလေးတွေပါရောပြွန်းပါဝင်နေတဲ့ဒီဇာတ်ကားကကြည့်ကောင်းလှပါတယ်။ အလှဆုံးကတော့ ပတ်ခ်ရှင်ဟေးပါပဲ မိဖုရားဆိုတဲ့ဇာတ်ရုပ်ကိုသူ့ရဲ့ချစ်စရာမျက်နှာလေးနဲ့တကယ့်ကိုလိုက်ဖက်ညီအောင်သရုပ်ဆောင်နိုင်ခဲ့တာပါ ။ ပြီးတော့ ဒီတစ်ကားလုံးမှာဆိုရင် ပတ်ခ်ရှင်ဟေးရဲ့ပွဲတော်အတွက်ဝတ်စုံကတကယ့်ကိုအသက်ပါပဲ။ (ကပ်ပရှင်ကအသက်မဟုတ်တော့ဘူး ဒီတစ်ခါတော့ :-P) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Chram ဖြစ်ပြီ Arkar Phyo မှ Encode ပေးထားပါတယ်)