Movie Name
A Village Of No Return (2017)
Year
2017
Generes
Comedy
Code
01699
Type
Movie
Size
826 MB
Country
China
Description
တစ်ခါတုန်းက တရုတ်နိုင်ငံက နယ်စွန်နယ်ဖျားရွာလေးတစ်ခုက ရွာခံတွေဟာ နေ့တိုင်းလိုလို အချင်းချင်းတွေ စကားများလိုက်၊ ပြဿနာတွေဖြစ်လိုက်နဲ့ နေကြရပြီး မြေပိုင်ရှင် ရှီကတော့ရွာ နေရာအပိုင်စီးဖို့အတွက် လျှို့ဝှက်ကြံစည်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ အဲဒီရွာလေးကို ထူးဆန်းတဲ့ ဘုန်းတော်ကြီးတစ်ပါး ရောက်လာခဲ့ပြီး သူ့ဆီမှာ ပဉ္စလက်ဆန်ဆန်ပစ္စည်း တစ်ခုလည်း ပါလာပါတယ်။ အဲဒါကတော့ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်တယ်ဆိုတဲ့အရာပါ။ ထူးဆန်းတဲ့ ပစ္စည်းကို တစ်ရွာလုံးက အရမ်းစိတ်ဝင်စားနေကြပြီး သူတို့စိတ်ထဲမှာ အမြဲမှတ်မိနေတဲ့ စိတ်ညစ်စိတ်ရှုပ်စရာတွေ အကုန်လုံးကို မေ့ပျောက်ပစ်ချင် နေကြတာဖြစ်ပါတယ်။ အဲဒါနဲ့ ဘုန်းတော်ကြီးဆီက မှတ်ဉာဏ်ပျောက် ထူးဆန်းတဲ့ပစ္စည်းနဲ့ ရွာထဲက လူတွေ တစ်ယောက်ပြီးတစ်ယောက် စိတ်ညစ်စရာတွေ ကို မှတ်ဉာဏ်ထဲက ဖျက်ပစ်ခဲ့ကြပြီး တခြားလူတစ်ယောက်လိုမျိုး နေထိုင်ခဲ့ကြပါတယ်။ ဘာဆိုဘာမှ မမှတ်မိတော့ပေမယ့် ပျော်ပျော်ရွှင်ရွှင်ကြီးကို နေထိုင်ခဲ့ကြတဲ့ ရွာသူရွာသားတွေဟာ အဲဒီမမှတ်မိခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ကြံစည်မှုကြီး တစ်ခုကိုတော့ ဘယ်သူကမှ သတိမပြုမိခဲ့ကြပါဘူး။ မှတ်ဉာဏ်တွေ ပျောက်ကုန်တဲ့ ရွာသားတွေ ဘယ်လိုပြဿနာတွေကြံရမှာလဲ၊ ထူးဆန်းတဲ့ ဘုန်းကြီးနဲ့ ထူးဆန်းတဲ့ ပစ္စည်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရယ်မောရင်း သာကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ရှုချီ၊ ဝမ်ရှန်ယွမ်၊ ဂျိုးဇက်ချန်၊ အီရစ်ဆန်၊ တိုနီရန်း စသူတွေပဲ ဖြစ်ပါတယ်။