-
Movie Name
-
Brotherhood Of Blades II The Infernal Battlefield (2017)
-
Year
-
2017
-
Generes
-
Action, Drama, Historical
-
Code
-
01700
-
Type
-
Movie
-
Size
-
0.99 GB
-
Country
-
China
-
Description
-
2014 မှာ ထွက်ရှိခဲ့တဲ့ ‘Brotherhood of Blades’ ရုပ်ရှင် နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး ပထမကားမှာ ပါဝင်ခဲ့တဲ့ မင်းသား Chang Chen အပြင် နာမည်ကျော်မင်းသမီး Yang Mi တို့ ပါဝင်လာပါတယ်။
ပထမကားလိုပဲ မင်အင်ပါယာကို အခြေခံတဲ့ ရုပ်ရှင်ဖြစ်ပြီး အင်ပါယာရဲ့ ကိုယ်ရံတော်အဖွဲ့သား တဦးဖြစ်တဲ့ Shen Lian က သူ့အပေါ် ပူးပေါင်းကြံစည်ထားတဲ့ မတရားမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်မှာဖြစ်ပြီး martial arts အသားပေးသွားမှာပါ။ တွဲဖက် ကိုယ်ရံတော်နဲ့ ဓါးသမားအသစ်တွေလည်း ပါဝင်အုံးမှာပါ။
2014 မှာ ထွက်ရှိလာတဲ့ Brotherhood of Blades ဟာ ရုပ်ရှင်ကားကောင်းအဖြစ် မှတ်ချက်ကောင်းတွေ အညွှန်းကောင်းတွေ ရခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ ထပ်မံရိုက်ကူးလာခဲ့တာပါ။ ဒီတကြိမ်မှာတော့ Yang Mi, Zhang Yi, Xin Zhi Lei တို့ကို အားဖြည့်လာခဲ့ပါတယ်။ ဒီ sequel ရုပ်ရှင်မှာတော့ ပထမကားမှာ ပါဝင်ခဲ့တဲ့ အခြားကာရိုက်တာတွေ မပါလာတော့ပဲ အဓိကမင်းသားဖြစ်တဲ့ ထိုင်ဝမ်သရုပ်ဆောင် Chang Chen ပဲ ပြန်ပါလာပါတယ်။ တွဲဖက်အဖြစ်တော့ နာမည်ကျော်မင်းသမီးချော Yang Mi (Eternal Love, L.O.R.D: Legend of Ravaging Dynasties) ပါဝင်လာပါတယ်။ ဒါရိုက်တာ Lu Yang ကပဲ ပြန်လည်တာဝန်ယူရိုက်တာဖြစ်ပါတယ်။
ဒါရိုက်တာ Lu Yang ဟာ ဘေဂျင်ရုပ်ရှင်အကယ်ဒမီမှာ ဒါရိုက်တာပိုင်း အဓိကနဲ့ မာစတာဒီဂရီ ရခဲ့သူပါ။ သူပထမဆုံး ရိုက်ကူးတဲ့ My Spectacular Theatre (2010) ဟာ Busan နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Audience Award ဆုရခဲ့ပါတယ်။ Brotherhood of Blades (2014) ဟာ ဒုတိယမြောက် ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ကားဖြစ်ပြီး အောင်မြင်မှုရခဲ့သလို တရုတ်ပြည်ရဲ့ အလားအလာရှိတဲ့ လူငယ်ဒါရိုက်တာအဖြစ်လည်း မှတ်ချက်ကောင်း ရသွားခဲ့ပါတယ်။
ဒီတကြိမ် ရုပ်ရှင်ကိုတော့ တရုတ်ပြည် အဓိကမြို့ကြီး အတော်များများမှာ သွားရောက်ရိုက်ကူးထားခဲ့ကာ ဇွန်လမှာတုန်းက ရှန်ဟိုင်းရုပ်ရှင်ပွဲတော်မှာ ပြသထားခဲ့တယ်။ တရုတ် နာမည်ကျော် Weibo.com မှာ ရုပ်ရှင်ကားကောင်းအဖြစ် အညွှန်းကောင်းတွေကို ရရှိထားပြီး မင်းသား Chang Chen ကို ချီးကျူးထားကြပါတယ်။