-
Movie Name
-
Crouching Tiger Hidden Dragon Sword Of Destiny (2016)
-
Year
-
2016
-
Generes
-
Action, Historical
-
Code
-
01701
-
Type
-
Movie
-
Size
-
791 MB
-
Country
-
China
-
Description
-
ကျတော် ဒီအပတ်ကုန်မှပဲ Star Wars တင်ပေးနိုင်ပါတော့မယ်။ ဒီလိုပြောလို့ ရက်စက်လိုက်တာဆိုရင်တော့ မတရားစွပ်စွဲခံရတာပါလို့ ပြန်အော်မှာနော် ငိငိ။ ကျတော် ငရဲမင်းတွေ ကြယ်တာရာစစ်ပွဲတွဲကြားထဲကနေ သိုင်းလောကထဲကို ပြန်ရောက်နေလို့ပါ။ ကျတော်တို့ ၉၀ ဖွား ၈၀ဖွား ၂၀၀၀ဖွားတွေငယ်ငယ်က တရုတ်သိုင်းကားထဲမှာ ဇတ်လမ်းတွဲမဟုတ်ဘဲ တစ်ကားထဲနဲ့ ဇတ်လမ်းကောင်းလွမ်းလို့ အသဲစွဲခဲ့တဲ့ ဇတ်ကားတစ်ကားကို မှတ်မိကြသေးလားမသိဘူး။ ဟုတ်ပါတယ် ဝပ်နေသောကျား ပုန်းနေသောနဂါးပါပဲ။ အခု ၂၀၁၆ မှာ အသစ်စက်စက် ထပ်ထွက်လာခဲ့ပါပြီ။ဒီလိုကိစ္စမျိုး ရှိလားလို့မမေးပါနဲ့ ရှိပါပြီ။ ဒီကားကို မနေ့ကထွက်ထွက်ချင်း တနေကုန်ထိုင်ရေးပေးထားတာပါ။ ၁ ကို လောလောဆည်ပြန်မတင်နိုင်သေးလို့ ဇတ်လမ်းအကျဉ်းပဲ ပြောပြပါ့မယ်။ ၁ ရဲ့ နောက်ဆုံးခန်းမှာ ရှုလျန် ရဲ့ ချစ်သူ လီမုပေ့ သေသွားခဲ့ပြီး ခင်ပွန်းလောင်းကလဲ ချောက်ထဲခုန်ချသွားတာနဲ့ အဆုံးသတ်သွားခဲ့တာပါ။ ဒီကားမှာတော့ ၁၈ နှစ်ကြာပြီးနောက်မှာ ရှုလျန် ပြန်လာခဲ့ပြီး လီမုပေ့ရဲ့ ကြမ္မာစိမ်းဓားကို လုမဲ့ သိုင်းဂိုဏ်းကြီးကို ခုခံတဲ့အကြောင်းကို တွေ့ရပါလိမ့်မယ်။ ဒီဇာတ်ကားက အင်္ဂလိပ်ဘာသာကနေ ပြန်ထားတာဖြစ်တဲ့အတွက် တရုတ်ကားလေသံအပြည့် ဘာသာမပြန်ပေးနိုင်တာတော့ စိတ်မကောင်းပါဘူး ဒါပေမယ့် အတက်နိုင်ဆုံးတော့ တရုတ်သိုင်းကား အသုံးလေးတွေနဲ့ ပြန်ပေးထားပါတယ်။ IMDb ကတော့ ၆.၅ ပဲ ရပါသေးတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် ရှုလျန်ရဲ့ Happy Ending လေးကို ပြန်မြင်ရတာနဲ့ပဲ ငယ်ငယ်က ဝမ်းနည်းခဲ့ရတာလေးတွေ ပြန်ပြေသွားပါလိမ့်မယ်ဗျာ။ မင်းသားကလဲ မြင်တဲ့အတိုင်းပဲဆိုတာ သောက်ကျိုးနည်း သိုင်းချ ပြပါလိမ့်မယ်။ အဲဒီတော့ အားပေးကြပါဦး ကြည့်ပြီးရင် လာဆွေးနွေးကြပါ။ တခြားသူတွေအတွက် Share ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်ဗျာ ခင်ဗျားတို့ကို အလုပ်ရှုပ်စေမိပြီ(တရုတ်သိုင်းသမားကဲ့သို့ လက်၂ဖက် ဆုပ်ပြီးပြောသွားသည်)