-
Movie Name
-
On The Ropes (2018)
-
Year
-
2018
-
Generes
-
Action
-
Code
-
01055
-
Type
-
Movie
-
Size
-
700 MB
-
Country
-
Hollywood
-
Description
-
ကြိုးဝိုင်းထဲမှာ ကြိုးနားကပ်ပြီး အသဲအသန်ပြန်ထိုးနေရပြီဆိုရင်တော့ ရှုံးတော့မဲ့အနေအထားပေါ့။အဲဒီအခြေအနေကနေ ရုန်းမထွက်နိုင်တော့ဘူးဆိုရင် သေချာတယ်အရှုံးပေးရမယ်။အခုဇာတ်ကားထဲမှာလည်း ဇာတ်လိုက်မင်းသားရဲ့အခြေအနေက အဲလိုအနေထားမျိုးမှာ ရှိနေတာပေါ့။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဇာတ်လိုက်မင်းသား နာမည်က ဂျွန်ပါ။ဒီဇာတ်ကားက လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားမှာရှိတဲ့ ဆက်ဆံရေးကို အခြေခံထားပါတယ်။ အပေးအယူ၊ အပြန်အလှန်လေးစားမှုကနေကနေ ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း သတ်ဖြတ်တာတွေအထိပါတာပေါ့။ဒီလိုဂိုဏ်းမျိုးထောင်ထားကြပြီဆိုရင် ဂိုဏ်းထဲမှာရှိတဲ့ ဂိုဏ်းသားတွေရဲ့သစ္စာစောင့်ထိန်းမှုက အရေးကြီးဆုံးပဲပေါ့။သစ္စာမစောင့်ထိန်းဘဲ ရဲကိုသတင်းပေးပြီး ပိုက်ဆံရှာတဲ့ သတင်းပေးတွေကို Rat (အသားထဲကလောက်ထွက်တဲ့ လောက်ကောင်) လို့ခေါ်တာပေါ့။အဲဒီလိုဂိုဏ်းတစ်ခုမှာ လောက်တက်ပြီဆိုရင်တော့ အဲဒီဂိုဏ်းပြိုကွဲဖို့သိပ်မဝေးတော့ဘူးပေါ့။နောက်ထပ်ဂိုဏ်းတစ်ခုမှာ အရေးကြီးတာက ကိုယ်ခံပညာနဲ့ဂိုဏ်းသားတွေအပေါ်မှာ သြဇာညောင်းမှုပေါ့။ကိုယ့်ဂိုဏ်းသားတွေဆိုတာလည်း စံပြပုဂ္ဂိုလ်ကိုမှ ဆရာတင်ကြတာပေါ့။အဲဒီလိုနဲ့ဂျွန်တို့ရဲ့ခေါင်းဆောင်အဖိုးကြီးက နေထိုင်မကောင်းဖြစ်လာတဲ့အချိန် ဂိုဏ်းထဲမှာလောက်တက်ပြီး ဂိုဏ်းသားတွေစပြီးတော့ ပြိုကွဲပါတော့တယ်။လီဆိုတာက ဂျွန်နဲ့အတူတူကြီးပြီးလာပြီး ငယ်ငယ်က ဂျွန်ကို အနိုင်ကျင့်နေကြပေါ့။အဲဒီဂိုဏ်းမှာ အဖိုးကြီးပြီးရင် သူလို့ပြောလို့ရတယ်။ဒါပေမဲ့သူက စိတ်ဆက်ပြီး လုပ်ချင်ရာလုပ်တတ်တဲ့အကျင့်ရှိတယ်။အဲဒါကြောင့်အဖိုးကြီးက သူ့ကိုစိတ်မချဘူး။အဲဒီလိုအခြေအနေမှာ ပိုဆိုးလာတာက အဖိုးကြီးရောဂါရတဲ့အချိန်မှာ အဖိုးကြီးက ဂိုဏ်းကိုအုပ်ချုပ်ဖို့အတွက်လီကိုတာဝန်မပေးဘဲ ဂျွန်ကိုတာဝန်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဂိုဏ်းထဲမှာ လုပ်ကြံမှုတွေဆက်တိုက်ဖြစ်လာပါတော့တယ်။အဲဒီအခက်အခဲတွေကိုဖြေရှင်းဖို့ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရူခံစားလိုက်ပါဦးကိုယ်ခံပညာအလန်းစားတွေနဲ့ရိုက်ချက်ကောင်းကောင်းရိုက်ထားလို့ ကြည့်ကောင်းမဲ့ အက်ရှင်ကားကောင်းတစ်ခုလို့ ညွှန်းလိုက်ပါရစေ။