Movie Name
The Water Horse (2007)
Year
2007
Generes
Fantasy, Family
Code
03218
Type
Movie
Size
868 MB
Country
Hollywood
Description
The Water Horse: Legend of the Deep ဒုတိယကမ္ဘာစစ်မီးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်နေခဲ့တဲ့အချိန် အင်္ဂလန်ရဲ့အစွန်အဖျား တောကျတဲ့ ပင်လယ်ဝက ရွာလေးတစ်ရွာမှာ လူငယ်လေးတစ်ယောက်ဟာ စစ်အတွင်း တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတဲ့ သူ့ရဲ့အဖေပြန်အလာကို နေ့တိုင်းစောင့်မျှော်ရှာနေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ဖခင်ကိုသူသတိရနေခဲ့သလို သူ့ရဲ့ ကျေးလက်ရွာငယ်လေးဟာလည်း စစ်ရဲ့ ကြမ်းတမ်းတဲ့အငွေ့အသက်ကို မသိမသာရော သိသိသာသာကြီးပါ ခံစားနေခဲ့ရပါပြီ။ဒီလူငယ်လေးဟာ ရေကြောက်တတ်တဲ့သူဖြစ်ခဲ့ပေမယ့် ရေပြင်ကျယ်ကြီးနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ခဲ့ဖို့လည်း ကုသိုလ်ကံပါလာခဲ့သူပါ။ % buffered 00:00 -00:16 Download Your browser does not support the video tag. ဒီဇာတ်လမ်းမှာထဲမှာ လှပတဲ့ ကျေးလက်ရှုခင်းများအပြင် စစ်အတွင်းကာလရဲ့ ဆိုးဝါးကြမ်းကြုတ်လှတဲ့ ကံတရားတွေ လူနဲ့တိရိစ္ဆာန်တွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို အလှပဆုံး ဖေါ်ကြူးထားခဲ့ပါတယ်။ ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းလှသလို ဇာတ်ကွက်ဇာတ်အိမ်ကလည်း သိပ်ကို ရိုးရှင်းလှပါတယ်…ဒါပေမယ့် သူ့ခေတ်သူ့အခါတုန်းက Box office: 103.1 million USD ဝင်ငွေပြန်လည်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး သိပ်ကိုလှပတဲ့ဇာတ်လမ်းလေးတစ်ခုလို့သတ်မှတ် ခံထားရတာပါ ။ Rating အနေနဲ့ကတော့ IMDb 6.4 ရရှိခဲ့ပြီး Rotten Tomatoes မှာ 74% ရရှိထားပါတယ်။ ဘာကြောင့် ခုလို ဝင်ငွေကောင်းပြီး Rating တွေမြင့်နေလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး။