-
Movie Name
-
Once Upon A Time (2017)
-
Year
-
2017
-
Generes
-
Drama, Fantasy, Historical, Romance
-
Code
-
01708
-
Type
-
Movie
-
Size
-
968 MB
-
Country
-
China
-
Description
-
တရုတ်ပြည်ရဲ့ လူအကြိုက်များဆုံး ရုပ်သံဇာတ်လမ်းတွဲEternal Love (Three Lives Three Worlds, Ten Milesof Peach Blossoms) ရုပ်သံဇာတ်လမ်းတွဲဟာ စာရေးဆရာTang Qiရဲ့ နာမည်ကျော် ဝတ္ထုစာအုပ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး January ကနေ March (2017)အထိ ZhejianTV နဲ့ Dragon TVတို့က နေထုတ်လွှင့်ခဲ့ပါတယ်
Chinaမှာသာမကပဲ ကမ္ဘာတစ်ဝှမ်းလုံးမှာပါအောင်မြင်တဲ့အပြင် လတ်တလော onlineမှာ လူကြည့်အများဆုံး Chinese Drama ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ် ပြန်လည် ဖန်တီးတဲ့အခါမှာ နာမည်ကျော် မင်းသမီး Liu Yifei နဲ့ Yang Yangတို့ ခေါင်းဆောင်ပါဝင်ထားပါတယ်
ဇာတ်လမ်းတွဲကြည့်ပြီးတဲ့နောက်မှာ Ywe Hwa ကို အရူးအမူးဖြစ်သွားသော Eternal Love ဖန်တစ်ယောက်ဖြစ်သွားမိလို့ ဒီဇာတ်လမ်းတွဲကို ရုပ်ရှင်ပြန်ရိုက်မယ် (အထူးသဖြင့် မင်းသားက Yang Yang) ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ ထွက်မယ့်အချိန်ကို တော်တော် အောင့်အီးသည်းခံပြီး လက်ချိုးရေစောင့်ခဲ့ရပါတယ်
% buffered
00:00
-00:12
Download
Your browser does not support the video tag.
စိုးရိမ်မိတာက ဇာတ်လမ်းတွဲမှာ ဇာတ်အချိုးအကွေ့ကောင်းကောင်း၊ ဇာတ်ကောင်များများဝန်းရံပြထားတော့ ဇာတ်ကားမှာပေါ့သွားမှာစိုးရိမ်မိတယ်။
ထွေလာကို ရှာကြည့်တော့ (နဂိုက ကိုယ့်မလည်း ဇာတ်လမ်းတွဲကြောင့် ဝမ်းနည်းခံလေးရှိနေတော့ စာတန်းစထိုး အသံလေးကြားတာနဲ့ မျက်ရည်စို့ရင်ခုန်မိတယ်) စစချင်းကတည်းက visual effect တွေမြင်ပြီး ချက်ချင်းကို အထင်ကြီးမိ တစ်ဆက်တည်း မင်းသားနဲ့မင်းသမီး ဆံပင်ပြင်ဆင်မှုကို ကြည့်ပြီး စိတ်တော့နည်းနည်းပျက်သွားမိတယ်။
ဇာတ်လမ်းတွဲမှာက ရဲ့ဟွာရဲ့ ဖြောင့်စင်းနေတဲ့ ဆံပင်ရှည်ကြီးက ကိုယ့်ကိုစိုးမိုးထားနှင့်နေပြီလေ။ ဒါပေမယ့် စာအုပ်တစ်အုပ်တည်းကို ပြန်ရိုက်တာဆိုတော့ တင်ပြပုံချင်းကတော့ ကွာမယ်ဆိုတာကု ိလက်ခံထားပါတယ်။
သူ့ဖန်တီးမှုနဲ့သူပဲမလား။
ဒါ့အပြင် ထွေလာမှာ ပိုကောင်းတဲ့ effect တွေ (အထူးသဖြင့် စုစုခုန်ချသွားတဲ့ တွင်းနေရာ ဖန်တီးမှုတွေက အရမ်းမိုက်လွန်းတယ်၊ နောက်ရေအောက်နန်းတော်။
ထွေလာကိုကြည့်တာနဲ့တင် တော်တော်ကြက်သီးထမိတယ်)။ အဲ့ဒါနဲ့ ထွက်ထွက်ချင်း ပိတ်ရက်မှာသွားကြည့်ဖြစ်တယ်ဆိုပါတော့။
ဇာတ်လမ်းကတော့ သိပြီးသားဆိုတော့ သူတို့ဘယ်လိုပြောင်းပြီးတင်ဆက်လဲဆိုတာကိုပဲ စိတ်နှစ်ပြီးကြည့်ဖြစ်တယ်။
ရေအောက်နန်းတော်မှာ သူတို့နှစ်ယောက် ပြန်တွေ့တဲ့အခန်းကစတယ် (ကိုယ်ရှေ့ပိုင်း ပီဇာဝင်ဝယ်နေတာနဲ့ လွတ်သွားတယ်)။
Yang Yang ကိုမြင်တာနဲ့တင် အသက်ရှုတွေရပ်တန့်သွားသလိုပဲ။
ဂူဂူးဖန်တွေလည်း နှာခေါင်းသွေးယိုမတတ်လှနေတဲ့ ဂူဂူးကို မြင်ရမှာဖြစ်ပါတယ်။
နောက်တော့ ဇာတ်လမ်းတွဲကအတိုင်းကို ကြားထဲမှာ အတိတ်အကြောင်းပြန်ပြောတာ အနည်းငယ်ပေါင်းထည့်ပြီး ဇာတ်ကို ချုံ့ထားပါတယ်။
ကိုယ်တွေက ဇာတ်လမ်းတွဲကြည့်ထားတော့ ရဲ့ဟွာလေးဘယ်လောက် အနစ်နာခံချစ်ခဲ့တာ။
ဘယ်လိုသနားဖို့ကောင်းတာတွေကို လိုက်ခံစားရပေမယ့် ရုပ်ရှင်ကိုပဲ စကြည့်မယ့်သူအတွက်က ရဲ့ဟွာရဲ့အချစ်ကို ပေါ့သွားစေတယ်လို့ ခံစားရတယ်။
ထင်သလောက် ချစ်မပြရဘူးပေါ့နော်။
သို့သော် …… Yang Yang လေးရဲ့သွား ၃၂ ချောင်းလုံးပေါ်အောင် ပြုံးပြထားပုံတွေ၊ ဂူဂူးရဲ့မထိတထိစကားပြောပုံတွေကြောင့် တော်တော်လေးဆွဲဆောင်မှုရှိခဲ့ပါတယ်။
နောက်ဆုံးပိုင်းမှာ ရဲ့ဟွာရဲ့အနစ်နာခံမှုတွေကို သူ့အစေခံမလေးဆီကပြန်ကြားပြီး ကြေကွဲတဲ့အခန်းကို သုံးမိနောက်လောက်သာပြထားတာ နှမျောသလိုခံစားရတယ်။
ဒါရုပ်ရှင်ပဲဆိုပြီး ပြန်ဖြေသိမ့်ရတာပေါ့ (ကိုယ်ကြည့်လာတာက ဇာတ်လမ်းတွဲလေ)။ အားလုံးစိတ်အထိခိုက်ရဆုံးဖြစ်မယ့်အခန်းက ရဲ့ဟွာတိုက်ပွဲကျတဲ့အခန်း (ဇာတ်လမ်းတွဲရော၊ ရုပ်ရှင်ရော ဒီအခန်းလာမယ်ဆိုတာ ကြိုသိလည်း ဘယ်နှခါကြည့်ကြည့် ငိုမိတယ်)။
ကိုယ်ကတော့ ဇာတ်လမ်းတွဲထက်ပိုသဘောကျမိတယ်။
ရဲ့ဟွာရေခဲပြင်အောက်ထဲ တစ်ဖြေးဖြေးမြုပ်သွားတဲ့အပိုင်းက စွန်းဖီးလ်လို့ကောင်းတယ်။
တင်ဆက်ပုံ ပိုကောင်းတယ်လို့ ခံစားမိတယ်ပေါ့နော်။
ဇာတ်လမ်းတွဲကိုမဟားတရားကြိုက်တဲ့ဖန်တွေအတွက်ကတော့ ဒီရုပ်ရှင်က အကျဉ်းချုပ်ပြထားသလို ခံစားရကောင်းရနိုင်ပါလိမ့်မယ်။
ဖြည့်တွေးပြီးကြည့်ကြပေါ့နော်။
ဆိုတော့ကာ ရုပ်ရှင်မှာအားရဖွယ်မြင်ရတာတွေကတော့ visual effect တွေဖြစ်ပါတယ်။
ဇာတ်လမ်းတွဲထက်ပိုမိုကောင်းမွန်နေပြီး ကြည့်ရတာ အရမ်းမျက်စိပဒေသဖြစ်တယ်။
နောက်တစ်ခုက costume။ craftsmanship လက်ရာမြောက်လွန်းပြီး Yang Yang ရဲ့ပုံစံက တရုတ်ဂိမ်းတွေထဲက၊ ကာတွန်းတွေထဲကအတိုင်းပဲ။ မိုက်တယ်။ (ဇာတ်လမ်းတွဲရဲ့ ဝတ်စုံတွေကိုလည်းကြိုက်တယ် .. ဝေခွဲမရဘူး ဟိ)။
စုလင်းရဲ့ costume ကြီးကတော့ရှယ်မိုက်တာ။
ဇာတ်လမ်းတွဲမှာ သူ့ခမျာမတောက်ပရရှာဘူး။
ရုပ်ရှင်မှာ တော်တော်လှတာ။
ရုပ်ရှင်မှာကြည့်ရတာ စီရင်က ပိုင်ချန်ကို ကြိုက်နေသလိုမျိုးပြထားတယ်။
တိုက်ခိုက်တဲ့အပိုင်းတွေက နှစ်ထောင်းအားရဖွယ်ရှိတယ်။
မက်မွန်ဆယ်မိုင်လည်းတော်တော်လေးလှတယ်။
ရုပ်ရှင်ထဲက ပိုင်ချန်ရဲ့တဲအိမ်ကပိုလှသယောင်ရှိတယ်။ ကောင်းကင်ဘုံရိုက်ချက်တွေမှာကျတော့ ဇာတ်လမ်းတွဲရဲ့တင်ဆက်ပုံက ပိုခမ်းနားတယ်။
ရုပ်ရှင်မှာကျ အကျဉ်းချုံးပဲပြထားတော့ သိပ်အထင်မကြီးချင်ဘူး။ (ရုပ်ရှင်မှာက ဆယ်မိုင်မက်မွန်မြေနဲ့ မြေခွေးဂူကိုပဲအထူးပြထားတာ)။
သရုပ်ဆောင်ပိုင်းမှာကျ ဂူဂူးက Yang Mi လောက်မချေဘူးဖြစ်နေတယ်။
အဆင့်မြင့် နတ်ဘုရားမတစ်ယောက်အနေနဲ့ နဲနဲလေး innocence ဖြစ်သလိုဖြစ်နေတယ်။
မျက်လုံးပြန်ယူတဲ့အပိုင်းတွေမှာဆို ကိုယ်သိပ်အားမရဘူး။
ချခန်း၊ သတ်ခန်းတွေမှာတော့ ဂူဂူးကပိုကောင်းတယ် (ဒါကိုပဲ ရုပ်ရှင်မှာ အဓိကပြတာကိုး)။
မင်းသားနှစ်ယောက်စလုံးကတော့ ကိုယ့်အသည်းတွေပါပဲ။
Mark Chao လေးလည်း သူ့ရဲ့အဆွေးခန်းနဲ့သူ၊ Yang Yang လေးကလည်း သူ့အပြုံးလေးနဲ့သူ မိန်းကလေးဖန်များကို အသီးသီးသိမ်းပိုက်နိုင်သူတွေပါ။ <3 ဆိုတော့ ပြောစရာလုံးဝမရှိပါ ဟီး။
နိဂုံးချုပ်ရမယ်ဆိုရင်ဖြင့် နှစ်ခုစလုံးကတော့ သူ့ကောင်းကွက်နဲ့သူ၊ မင်းသားကိုယ်စီ၊ မင်းသမီးကိုယ်စီဆိုတော့ ဆွဲဆောင်မှုကိုယ်စီရှိပါတယ်။ ကိုယ်ကတော့နှစ်ခုစလုံးကြိုက်တယ်။
ထုံးစံအတိုင်း ဇာတ်လမ်းက မတရားကောင်းလွန်းတော့ မပြီးစေချင်ဘူး။ (ဇာတ်လမ်းတွဲတုန်းကလည်း အဲ့လိုပဲ)။
ရုပ်ရှင်ဆိုတော့ပိုဆိုးတယ်။
နှစ်နာရီလောက်နဲ့ ကြည့်ပြီး ဟာတာတာကြီး။
၄၆ ပိုင်းလောက်ကြည့်ခဲ့တဲ့ဇာတ်လမ်းကို ချုံ့ကြည့်လိုက်ရလိုဖြစ်တော့ ဖီးလ်တော့ငုတ်မိတယ်။
ဘယ်လိုပြောပြော စစ်နတ်ဖန်တွေတော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပါဗျ