Movie Name
Detective Chinatown Vol 2(2018)
Year
2018
Generes
Action, Comedy, Thriller
Code
01720
Type
Movie
Size
1.01 GB
Country
China
Description
Detective Chinatown (1) (2015) Detective Chinatown (2) (2018)ကို တင်ပြီးသားပါ…2018ခုနှစ်ထွက်တဲ့ နံပါတ်(၂)ကို အတော်များများက ကြိုက်ကြတယ်..ရယ်လည်းရယ်ရသလို အမှုမှန် ပေါ်ပေါက်ရေးအတွက် ဉာဏ်သုံးဖြေရှင်းသွားတာလေးတွေကလည်း ပညာတော်တော်ပါတဲ့အပြင် တင်ဆက်ပုံတွေကလည်း ဆွဲဆောင်မှုရှိတယ်..ဒါကြောင့် အတော်များများက (1)ကိုတင်ပေးဖို့တောင်းဆိုကြတယ်..(1)ကလည်း အတော်ရယ်ရသလို မျှော်လင့်နေတဲ့သူတွေအတွက် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်… ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ % buffered 00:00 -00:09 Download Your browser does not support the video tag. စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့… တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ဇာတ်ဝင်ခန်းလေးတွေပါ အဲနောက်မှာတော့ ထန်ရန်ကို လူသတ်မှုတစ်ခုမှာ ချောက်တွန်းခံရတာကနေ သူတို့ တူဝရီးနှစ်ယောက် ပြေးရလွှားရနဲ့ အမှုဖော်တာတွေကို မြင်တွေ့ရမှာပါ ဉာဏ်ကောင်းပြီး စုံထောက်ဝတ္ထုတွေ ဇာတ်လမ်းတွေကနေ ထောက်လှမ်းနည်းတွေကို သင်ယူခဲ့တဲ့ ချင်ဖုန်းရဲ့ စကေးတွေကိုလည်း မြင်တွေ့ရမှာပါ ဒီ့အပြင် နောက်ဆုံးမှာတော့ ချင်ဖုန်း ဘာလို့ ရဲကောလိပ်ကို ဝင်ခွင့်မရလဲ ဆိုတဲ့ တကယ့်အကြောင်းရင်းကလည်း ရှိနေပြန်ပါသေးတယ်… ဒီတော့ ထန်ရန်နဲ့ ချင်ဖုန်း နှစ်ယောက်သား ဘယ်လိုအတွဲညီညီနဲ့ အမှုမှန်ဖော်မလဲ ဆိုတာကိုတော့ ဟာသဇာတ်ဝင်ခန်းလေးတွေကို ကြည့်လိုက်ကြပါ