-
Movie Name
-
Only Side By Side With You
-
Year
-
2018
-
Generes
-
Action, Drama, Family
-
Code
-
SC0103
-
Type
-
Series
-
Size
-
15.2 GB
-
Country
-
China
-
Description
-
TYMMtv ပရိသတ်များ အိုင်ဒေါကားတွေ ကြည့်ပြီးရိုးအီနေပါသလား ဒီကားလေးကတော့ ဖိုက်တင် အက်ရှင်တွေကလည်း မိုက် ဒါ့အပြင် ရယ်စရာလေးတွေလည်းပါ ဝမ်းနည်းစရာတွေလည်းပါ သူငယ်ချင်း ညီအကိုရဲဘော်သံယောဇဉ် ၊ မိဘတွေရဲ့သားသမီးအပေါ်ထားသော အချစ်မေတ္တာတွေရောပါတဲ့အပြင် သဲထိတ်ရင်ဖိုအခန်းတွေလည်းပါပြီး အချစ်ဇာတ်အိမ်လေး ပါကာ ကြည့်တတ်ရင် သင်ခန်းစာလေးတွေလည်း အများကြီးရတဲ့ တရုတ်ဇာတ်လမ်းကားကောင်းလေးတခုပါ မင်းသားကတော့ (Only Side By Side With You, Lost Love in Time, The Mystic Nine , Legend of Zu) တို့လို ဇာတ်ကားကောင်းတွေမှာ အဓိကအဖြစ်ပါဝင်တဲ့ နာမည်ကြီး William Chan (Chan Wai Ting) ပါ မင်းသမီးကတော့ (Love Me if You Dare, Oh My General ) တို့လို နာမည်ကြီးဇာတ်ကားတွေမှာ အဓိကပါဝင်ဖူးတဲ့ Sandra Ma ပါ ဇာတ်လမ်းအကျဉ်းလေးကတော့ … လျိုဇီကွမ်း(William Chan) ဆိုတဲ့ကောင်လေးဟာ အမေမရှိဘဲ အဖေနဲ့ပဲ ဘဝကို ရိုးရိုးလေးနဲ့ ကြည်နူးပျော်ရွှင်စွာဖြတ်သန်းလာပါတယ် တနေ့မှာတော့ သူ့အဖေကို မူးယစ်ဆေးစွဲသူတဦးဟာ ဓားနဲ့ထိုးခဲ့တာကြောင့် သေဆုံးသွားပါတယ် အဲ့ဒီကစပြီး စိတ်ဓာတ်ကျဆင်းကာ လျိုဇီကွမ်းတယောက် မွေးရပ်မြေ ကျန်းပေကနေ ထွက်လာခဲ့ပြီး ၈နှစ် ပျောက်ဆုံးသွားခဲ့ကာ ၈နှစ်ကြာမှ မွေးရပ်မြေ ကျန်းပေကို ပြန်ရောက်လာခဲ့ပါတယ် ဒါပေမယ့် ဒီ၈နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှအားလုံးကို မမှတ်မိတော့ပါဘူး ဒါ့အပြင် ခန္ဓာကိုယ်မှာလည်း တက်တူး ဓားဒဏ်ရာ သေနတ်ဒဏ်ရာ အမာရွတ်တို့ပါ ရှိလာတဲ့အပြင် တိုက်ရည်ခိုက်ရည် ကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှုတို့ရော လုံးဝအံ့မခန်းဖြစ်ရတဲ့အထိ လူတယောက်လုံး အရင်ကနဲ့မတူဘဲ လုံးဝပြောင်းလဲသွားပါတယ် လျိုဇီကွမ်းဟာ မွေးရပ်မြေ ကျန်းပေကိုပြန်လာပြီး လူကောင်းတယောက်ဖြစ်အောင် ကြိုးစားနေထိုင်ပေမယ့် သူပျောက်ဆုံးသွားတဲ့ ၈နှစ်အတွင်းက ဖြစ်ပျက်ခဲ့သမျှကို မမှတ်မိနိုင်တော့လို့ အမြဲဆိုသလို စိတ်ခြောက်ခြားလျက်ရှိပါတယ် ဟူရုံ(Sandra Ma) က ငယ်ရွယ်ဖျတ်လတ်ပြီး ခပ်ကြမ်းကြမ်းပြောဆိုနေထိုင်တတ်တဲ့ ကျန်းပေမြို့ရဲ့ အမှုစစ်စုံထောက်ရဲမေတယောက်ပါ သူမဟာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဘာပဲပေးဆပ်ရပါစေ အသက်စွန့်ထမ်းရွက်ဖို့အထိ အလုပ်ပေါ်မှာ အလွန်ဂရုစိုက်လွန်းသူပါ အတိတ်မေ့ပြီး ၈နှစ်ကြာမှာပြန်ပေါ်လာတဲ့ လျိုဇီကွမ်းကို အမှုစစ်စုံထောက်ရဲမေ ဟူရုံဟာ သံသယရှိပြီး လိုက်လံစုံစမ်းစစ်ဆေးကာ အစကတော့ ကြည့်မရ မတည့်ကြပေမယ့် လျိုဇီကွမ်းရဲ့စိတ်ထားကောင်းပြီး အမြဲဆိုသလို သူများကို ကူညီပေးတတ်တဲ့အပြင် အူကြောင်ကြောင်အပြုမူလေးတွေကြောင့် တဖြည်းဖြည်းဆိုသလို ချစ်မိသွားပါတယ် ဒါပေမယ့် လျိုဇီကွမ်း ပျောက်ဆုံးသွားတဲ့ ၈နှစ်အတွင်းမှာ သူဟာ မူးယစ်ဆေးဝါးဖြန့်ဖြူးရေးဂိုဏ်းကြီးနဲ့ ပတ်သတ်နေသောအခါ… ဇာတ်လမ်း spoil ဖြစ်မှာစိုးလို့ အများကြီးတော့ မပြောတော့ပါဘူး အပိုင်း(၄၇) ပိုင်းပါဝင်ပြီး တပိုင်းပြီးတပိုင်း စိတ်ဝင်စားမှု ဆွဲဆောင်မှုပေးကာ ပညာပေးလေးရောပါ တဲ့ တရုတ်ဇာတ်လမ်းတွဲကောင်းလေးပါ ဒီကားရဲ့အဓိက ဇာတ်အိမ်ကတော့ တရုတ်-မြန်မာ-ထိုင်း-မလေးရှား နိုင်ငံတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ထုတ်လုပ် ဖြန့်ဖြူးမှုကို တားဆီးတိုက်ဖျက်နှိမ်နင်းတဲ့ ရဲကားလေးတကားပါ မှတ်ချက် ။ ။ ဤဇာတ်ကားတွင် Mနိုင်ငံ(မြန်မာ) တို့ Tနိုင်ငံ (ထိုင်း) ဆိုပြီး တိုက်ရိုက်သုံးရင် မလေးစားရာ ရိုင်းရာကျမှာမလို့ အတိုကောက်တွေ သုံးထားပါတယ် 🔎Main Translated by San Nu, Jan Dim Ra Ndaung, Thu Thu, Khaki Shun Co-Translated by Khin Len Sen, Neo Chan, Shin Thant Wai, Aseet ⌨️Editing & Encoded by San Nu #TYMMtv.com.မှ ဘာသာပြန်စီစဉ်တင်ဆက်သည်