-
Movie Name
-
Legend Of The Ancient Sword (2018)
-
Year
-
2018
-
Generes
-
Action, Fantasy
-
Code
-
01735
-
Type
-
Movie
-
Size
-
851 MB
-
Country
-
China
-
Description
-
မှော်ပညာတွေထွန်းကားခဲ့တဲ့ ဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက လူသားတွေနဲ့ နတ်ဆိုးတွေက အတူယှဉ်တွဲ နေထိုင်ခဲ့ကြတယ်။
ဒါပေမယ့် ကပ်ဘေးကြီးတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ မှော်ပညာတွေလဲတိမ်ကောလာခဲ့တယ်
ယန်ဂျာလို့ခေါ်တဲ့ မှော်ပညာတစ်ခုသာ သိကြတော့တဲ့ခေတ်ဖြစ်သွားတယ်။
ယန်ဂျာဆိုတာ စက္ကောမပညာလိုမျိုးပေါ့။
စက်ပစ္စည်းတွေကို အသက်သွင်းနိုင်တဲ့ပညာပေါ့။
အဲ့ပညာရပ်မှာ အတော်ဆုံးဖြစ်သူကတော့ ရွှီရီ လို့ခေါ်တဲ့ဆရာကြီးပေါ့။
% buffered
00:00
-00:01
Download
Your browser does not support the video tag.
တစ်နေ့မှာ အဲ့ဆရာကြီးကပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ ဘယ်သူကမှ ဘာကြောင့်ပျောက်သွားတယ်။
ဘယ်ကိုရောက်သွားလဲဆိုတာမသိကြဘူး။
အဲ့ဒါနဲ့ သူ့တပည့်ဖြစ်သူက သူ့ဆရာရဲ့သတင်းကိုလိုက်စုံစမ်းရင်း လေလံပွဲတစ်ခုမှာ ဆရာဖြစ်သူရဲ့လက်စွပ်ကိုလေလံဆွဲမယ်ဆိုတာကြားလိုက်ရတယ်။
သူ့လိုပဲ ရွှီရီဆရာကြီးကို လိုက်ရှာနေတဲ့သူနှစ်ယောက်ရှိပါသေးတယ်။
တော်ဝင်မင်းသားတစ်ပါးရယ် ကောင်မလေးတစ်ယောက်ရယ်ပါ။ သူတို့သုံးယောက်ဘယ်လိုများဆုံတွေ့ကြမလဲ။
ဆရာကြီးကိုရောဘယ်လိုရှာတွေ့မှာလဲ။
ဆရာကြီးပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကရောဘာများလဲ။
ဇာတ်ကားနာမည်မှာပါတဲ့ရှေးဟောင်းဓါး(Ancient Sword)ဆိုတာကရော ဘယ်ပုံဘယ်နည်းပါဝင်ပက်သက်နေတာလဲဆိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် ဇာတ်ကားကြည့်ရင်းပဲ သိလိုက်ရအောင်လားဗျာ။
တရုတ်ကားတွေရဲ့ထုံးစံအတိုင်း CGI အလန်းဇယားနဲ့မှော်တွေရော သိုင်းတွေရော စက်ရုပ်တွေရောဆိုတော့ ထူးထူးဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်လို့ ညွှန်းပါရစေဗျာ။