Movie Name
The World's End(2013)
Year
2013
Generes
Action, Sci-Fi
Code
03225
Type
Movie
Size
790 MB
Country
Hollywood
Description
2013 ခုနှစ်ထွက် ဟာသ သိပ္ပံကားတစ်ကား တင်ပေးထားပါတယ်။ Rating 7.0 အထိ ရထားပါတယ်။ ဆိုင်မွန်ပက်တို့ မာတင်ဖရီးမန်းတို့ကိုတော့ ပရိသတ်အတော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်း ============ သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးကြီး တစ်ခုကို ပြန်လုပ်ကြဖို့ ကြံစည်လာကြပါတယ်။ အဲဒီ စစ်ဆင်ရေးကတော့ သူတို့မြို့ရဲ့ လမ်းတစ်လျှောက်လုံးက အရက်ဆိုင် အကုန်လုံးက အစကနေ အဆုံးထိ ရောက်အောင်တစ်ညထဲနဲ့ သောက်သွားဖို့ပါပဲ။ အရက်ကို ခွေးလိုဝက်လို့ သောက်ဖို့အကြံနဲ့ ဇာတိမြို့ကို ချီတက်လာတဲ့ ဇိုးတစ်သိုက်ဟာ သူတို့မြို့ကို ရောက်ရှိလာချိန်မှာတော့ မထင်မှတ်ထားပဲ လူသားအားလုံးနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ…… ဒီရုပ်ရှင်က အတော်လေးလည်း ရယ်ရပြီး တွေးစရာလေးတွေလည်း ပေးထားမှာမို့ ကိုယ်တိုင်ကြည့်ပြီးမှ တွေးလို့ ပြုံးလိုက် လုပ်နေရမယ့် အမျိုးအစားမျိုးပါပဲ။