Movie Name
The Martian (2015)
Year
2015
Generes
Sci-Fi
Code
03231
Type
Movie
Size
1.04 GB
Country
Hollywood
Description
Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီ း ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါၤဂြိုလ်ပေါ်ကို လေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီ းတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။ မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။ မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ . သတိရရချင်းပဲ အဂါၤဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲ ကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါ လုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အဂါၤဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။ စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲ အပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီး သူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့ အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့် ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာ တကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်း ဝပ်နေးကို အဂါၤဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အဂါၤဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာ ရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲ အစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်း လူငယ်လေးတစ်ယောက်ရဲ့ အတွေးခေါ်တစ်ခုကနေ အကောင်းဆုံးနဲ့စွန့်စားမှုတွေအပါအဝင် မာခ်ဝပ်နေးကို အမြန်ဆုံးကယ်တင်နိုင်မယ့် နည်းလမ်းကိုရခဲ့ပါတယ်။ အဲ့တော့ ဘယ်လိုမျိုးများ စွန့်စားကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာသာခံစားကြည့်ရှုကြပါ။ ဒီကားရဲ့ IMDb rating 8.2 ဆိုတာကိုလည်း မမေ့ကြနဲ့ဦးနော်။ (ဒီဇာတ်လမ်းကို CM Team မှ ညီလေး Wai Yan M မှ ဘာသာပြန်ပေးထားပါတယ်။ )