Movie Name
Victor Frankenstein (2015)
Year
2015
Generes
Horror, Sci-Fi
Code
03258
Type
Movie
Size
632 MB
Country
Hollywood
Description
ဆပ်ကပ်မှာကပ်နေရတဲ့ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ် ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံး အကုန်လုံးကဝိုင်းနှိမ်ပြီးအနိုင်ကျင့်ဆက်ဆံကြတဲ့အပြင် နာမည်တောင်မရှိရှာပါဘူး သူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့ အသေးစိပ်ကျလက်တွေ့ဆန်ပြီးလှပလွန်းတဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပုံဆွဲနေလေ့ရှိပြီး အလုပ်ချိန်ဆိုရင်တော့သူကြိတ်ချစ်နေရတဲ့ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကို ခိုးကြည့်နေတတ်တဲ့တောက်တိုမယ်ရလူရွှင်တော်တစ်ယောက်ပါ သူရဲ့ဘဝကဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကိုပုံဆွဲနေရတဲ့အချိန်တွေရယ် အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီး အရာရာကိုလက်လျှော့ပြီးအရှုံးပေးထားပါတော့တယ် ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာလော်ရယ်လိုင်းဟာမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ရင်း ဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့တွေ့ကြဖို့အကြောင်းဖန်လာပါတော့တယ် အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘဝတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ် ဒီကားကညီအစ်ကို၊ဆရာတပည့်ဆက်ဆံရေးကိုဖော်ကျူးထားပုံက တော်တော်ကြည့်လို့ကောင်းပါတယ် လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့ အင်မတန်ကျေနပ်စရာကောင်းမယ့်သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ