Movie Name
Wanted (2008)
Year
2008
Generes
Action, Crime
Code
03259
Type
Movie
Size
786 MB
Country
Hollywood
Description
ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ် တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ … ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ် ဖော့(စ်) က ဝီစလေရဲ့ဖခင် ကို သူမ သိကြောင်း ယမန် နေ့ညက သူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံက သူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင် အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ် ဒီလိုနဲ့ ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီး သူတို့စခန်းရှိရာကို ခေါ်သွားပါတယ် အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ဝှက် အဖွဲ့အစည်းရဲ့ခေါင်းဆောင် ဆလိုအန် [Morgan Freeman] နဲ့တွေ့ဆုံခဲ့ရပြီး ဆလိုအန် က ဂစ်(ဘ်)ဆင် မှာလည်း သူ့ဖခင်လိုပဲ စွမ်းဆောင်ရည်များ ရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့စမ်းသပ်ပြလိုက်ပါတယ် ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ထွက်သွားရာမှ နောက်နေ့မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘဝကို စွန့်ပစ်ပြီး လျှို့ဝှက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် လျှို့ဝှက်အဖွဲ့အစည်းကတော့ ဝီစလေ ရဲ့ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကို သူတို့ရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့ စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ် % buffered 00:05 -00:16 Download Your browser does not support the video tag. ဒီနောက်ပိုင်းမှာတော့ ဝီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ် ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ရဲ့အသက်ကိုရင်းပြီး ဒဏ်ရာတွေအကြိမ်ကြိမ်ရရင်း စစ်ဆင်ရေး အောင်မြင်ဖို့သူတတ်စွမ်းနိုင်တာထက် ပိုပြီး သူ့ဘဝကိုပေးဆပ်ရင်း အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပုံများကို ရသစုံလင်စွာ ရိုက်ကူးတင်ဆက်ပေးထားတဲ့ အက်ရှင် ဇာတ်ကြမ်း တစ်ကားဖြစ်တာကြောင့် အက်ရှင် ဇတ်ကြမ်းများ ကြိုက်နှစ်သက်သူ များအနေနဲ့(လုံးဝ)x3 လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်