Movie Name
Welcome To The Punch (2013)
Year
2013
Generes
Action, Crime
Code
03263
Type
Movie
Size
534 MB
Country
Hollywood
Description
အပစ်အခတ်အက်ရှင်ဇာတ်ဝင်ခန်းတွေကို လန်ဒန်မြို့ရဲ့ အလှတရား နဲ့ ပေါင်းစပ်လိုက်တဲ့အခါ Welcome to the punchဆိုတာ ဖြစ်လာပါတော့တယ် စုံထောက် Max Lewansky (X-Men,First Class,Most Wanted တို့က မင်းသား James Mcavoy) နဲ့ ရာဇဝင်လူဆိုး Jacob Sternwood ( Sherlock Holmes,Zero Dark Thirty,The Guard တို့က မင်းသား Mark Strong) တို့ကြား က အားပြိုင်မှု တွေကို ရိုက်ပြထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းမစခင် ၃နှစ်လောက်က Sternwood ဟာ ဖောက်ထွင်းမှု အကြီးစား တစ်ခုကို ပိပိရိရိ ကျူးလွန်ပြီး လွတ်မြောက်သွားပြီး မထင်မရှားအရပ်မှာ ဇာတ်မြုပ်နေလိုက်ပါတယ်။ ထိုအချိန်မှ စလို့ စုံထောက် Max ဟာ သူ့ အပြစ် လို ခံစားနေရပြီး စိတ်ကျရောဂါ အသေးစား ပါ စွဲကပ်လာပါတော့တယ်။ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ဒဏ်ရာရသွားပါတယ်။ဒါပေမယ့် ကံကြမ္မာ အလှည့်အပြောင်းမှာ Sternwoodရဲ့ သားဟာ ရောဂါကြီးကြီးမားမား တစ်ခုကြောင့် လန်ဒန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူရဖို့ဖြစ်လာပါတယ်။Sternwoodလဲ သူစွန့်ခွာခဲ့တဲ့ လန်ဒန်မြို့ကို တစ်ခေါက်ပြန်ခြေဦးလှည့်လိုက်ရပါပြီ။ Maxအတွက် ဒုတိယ အခွင့်အရေး ရလာပါပြီ။သူ့အတွက် ရာဇဝင်ကြွေးတစ်ခုပါပဲ။ Maxအနေနဲ့ ပြန်လက်ဦးမှု ရယူနိုင်မလားဆိုတာ လန်ဒန်မြို့လမ်းကြားတွေကတော့ သိနေပါလိမ့်မယ်။ပရိသတ်ကြီးလည်း သိချင်ကြမှာပေါ့။အောက်က လင့်တွေပါကနေ တစ်ဆင့်ကြည့်ရှူနိူင်ပါတယ်။ 500 MBနဲ့ 720pဆိုတော့ ပရိသတ်ကြီးလဲ သဘောကျမယ်လို့ ထင်ပါတယ်။