-
Movie Name
-
Magic Camp (2020)
-
Year
-
2020
-
Generes
-
Comedy, Family
-
Code
-
04716
-
Type
-
Movie
-
Size
-
706 MB
-
Country
-
Hollywood
-
Description
-
Magic Camp ဆိုတဲ့ ဇာတ်လမ်းလေးကတော့ အံသြစရာ ရင်ခုန်စရာကောင်းလှတဲ့ မျက်လှည့်လေးတွေနဲ့ မျက်လှည့်ပညာရှင် လူငယ်တွေကြားက ဟာသအလွဲလေးတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မျက်လှည့်ပညာရှင်ဖြစ်ချင်ကြတဲ့ ကလေးတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ နွေရာသီ စခန်းချသင်တန်းလေးတစ်ခု….. အဲ့ဒီ့ နွေရာသီမျက်လှည့်သင်တန်းကျောင်းကို ရာက်လာကြတဲ့ သင်တန်းသားလေးတွေကတော့…. ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် ဖခင်သင်ပေးခဲ့တဲ့ မျက်လှည့်ပညာကိုလူမသိအောင်လေ့ကျင့်ရင်း ဖခင်ကိုတမ်းတနေတဲ့ သီအို မိဘတွေရဲ့ဂရုစိုက်မှုမခံရဘဲ အဝေးပို့ခံရတဲ့အတွက် စိတ်မပါဘဲစခန်းကိုရောက်လာတဲ့ ဂျနဲလ် ဓာတ်မတည့်တဲ့အရာတွေများစွာကြောင့် ကျန်းမာရေးမကောင်းပေမဲ့ သချင်္ာသိပ်တော်တဲ့ နေသန် နာမည်ကြီးမျက်လှည့်ပညာရှင်ဖြစ်တဲ့ဖခင်ရဲ့မျှော်လင့်ချက်ကို မလွန်ဆန်နိုင်တဲ့အတွက် ဝါသနာမပါတဲ့မျက်လှည့်သင်တန်းကိုရောက်လာရတဲ့ ဂျဒ် တို့ပဲဖြစ်ပါတယ်။ သူတို့လေးတွေကို သင်ကြားပေးဖို့ မျက်လှည့်ပညာမှာထူးချွန်ပေမယ့် စင်မြင့်ထက်ပြသဖို့စွန့်လွှတ်ခဲ့တဲ့ အန်ဒီနဲ့ အန်ဒီ့ကို သစ္စာဖောက်ခဲ့တဲ့ ထိ်ပ်တန်းမျက်လှည့်ပညာရှင့် ခရစ်တီးနားတို့ကို တာဝန်အပေးခံရတဲ့အခါမှာတော့ သူတို့ရဲ့ Magic camp လေး ဘယ်လို အသက်ဝင်လှုပ်ရှားသွားမလဲ ? ကလေးတွေရဲ့ ပေါက်ကရအပြုအမူတွေကို အန်ဒီနဲ့ ခရစ်တီးနားတို့ ဘယ်လိုလေ့ကျင့်ပေးကြမလဲ ? သူတို့၂ယောက်ကြား သဘောထားကွဲလွဲမှုတွေကရော ဘယ်လိုအဆုံးသတ်သွားမလဲ ? စတာတွေကို ပေါ့ပေါ့ ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးမို့ မလွတ်တမ်းကြည့်ရှုဖို့ လက်တို့လိုက်ပါတယ်နော်