-
Movie Name
-
Malibu Rescue The Movie (2019)
-
Year
-
2019
-
Generes
-
Action, Comedy
-
Code
-
04717
-
Type
-
Movie
-
Size
-
504 MB
-
Country
-
Hollywood
-
Description
-
ဇာတ်ကြောင်းလေးကို မပြောခင် ဇာတ်လမ်းမှာပါတဲ့ Malibu Junior Rescue Program လေးအကြောင်းအရင်ပြောပြပါရစေ Malibu ဆိုတဲ့ စကားလုံးလေး မြင်လိုက်တာနဲ့ LA က လှပတဲ့ ကမ်းခြေလေးကို မြင်ယောင်မိကြမှာပါ။ Malibu Junior Rescue ဆိုတာကတော့ ကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ်းခြေက ကယ်ဆယ်ရေးအဖွဲ့တစ်ခုပါ။ Malibu ကမ်းခြေမှာ ရေဆော့သူတွေ အန္တရာယ်မဖြစ်ရအောင် အန္တရာယ်ဖြစ်လာရင် ကယ်တင်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုပါ။ အသင်း၀င်ဖြစ်လာဖို့အတွက် training အရင်၀င်ပြီး Crucible လို့ခေါ်တဲ့ နောက်ဆုံးပြိုင်ပွဲကို အောင်မြင်မှ တရား၀င် အသင်း၀င်တစ်ယောက်ဖြစ်လာနိုင်မှာပါ။ ရေကူးတာတွေ ကယ်ဆယ်ရေးရေးနဲ့ ပတ်သတ်တဲ့ challenge တွေကို အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ ရရှိလာမယ့်အခွင့်အရေးပါ။ ဇာတ်လမ်းထဲမှာ တိုင်လာဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ငဆိုးငပေလေးတစ်ယောက်ပါ။ ပြဿနာပေါင်းစုံရှာလွန်းလို့ အိမ်ကလည်း လက်မြှောက်ထားရတဲ့သူမျိုးပေါ့။ တစ်နေ့ နွေရာသီကျောင်းပိတ်ရက်ရောက်တော့ သူ့ရဲ့ ပထွေးဟာ သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ Malibu Junior Rescue Program ကို လွှတ်လိုက်ပါတော့တယ်။ ဘုမသိဘမသိ ကမ်းခြေမှာ အပန်းဖြေရမယ်ထင်ပြီး Malibu ကို ချီတက်သွားတဲ့ ကိုကိုတိုင်လာ ဟိုရောက်မှ training တွေလုပ်ရမယ်ဆိုတာ သိပြီး program ကနေ အထုတ်ခံရဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် အပြစ်လုပ်တာ တိုင်လာဆိုပေမယ့် အပြစ်ပေးတာကိုတော့ program မှာ သူနဲ့တစ်ဖွဲ့တည်း ကျတဲ့သူတွေပါ ခံရပါတော့တယ်။ နောက်တော့ အဖွဲ့သားတွေရဲ့ ခံစားချက်ကို နားလည်သွားတဲ့ တိုင်လာတစ်ယောက် အဖွဲ့ကမထွက်တော့ဘဲ နောက်ဆုံးပြိုင်ပွဲမှာ အနိုင်ရဖို့ ကြိုးစားပါတော့တယ်။…. Netflix series ဖြစ်တဲ့အလျှောက် ကြည့်ရှုသူကို ရသအပြည့်အ၀ပေးမှာကတော့ အာမခံပါတယ် ရယ်ရတယ်ဆိုပေမယ့် ပညာသားပါပါတယ်။ အဆုံးမှာ Moral Lesson တစ်ခုလည်း ပေးသွားနိုင်တဲ့ ဇာတ်ကားလေးပါ ။ Malibu ကမ်းခြေရဲ့ အလှတရားတွေ… program မှာပါ၀င်တဲ့ challenge တွေ ဇာတ်လိုက်မင်းသားအဆင်လေး တိုင်လာရယ် တိုင်လာတို့ အဖွဲ့က နည်းပြမမ ဒီလန်ရယ်ကို ကြည့်ရတာနဲ့တင် ဇာတ်လမ်းက lively ဖြစ်ပြီး တန်နေပါပြီ တစ်နေ့တာ ပင်ပန်းမှုတွေကို အပန်းဖြေဖို့အတွက်ဆို ဒီကားလေးက သင့်တော်မယ်ထင်မိပါတယ်