Movie Name
No Touching At All (2014)
Year
2014
Generes
Drama, Romance
Code
04720
Type
Movie
Size
784 MB
Country
Japan
Description
ရှိမ*ဆိုတာ အလုပ်သစ်မှာနေသားကျဖို့ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်ပါ။ သူ့အရင်ရည်းစားဟောင်းက သူတို့တွဲနေတာကိုဖုံးကွယ်ဖို့ သူ့အပေါ်အပြစ်တွေပုံချခဲ့တဲ့လုပ်ရပ်ကြောင့် အရင်အလုပ်ကထွက်ခဲ့ရပြီး Relationshipနဲ့ပတ်သက်ရင် ထပ်ပြီးထိတွေ့ရမှာကြောက်ရွံ့နေခဲ့တာပါ။ အလုပ်ကိုစလာတဲ့နေ့မှာ *တိုဂါဝါ*လို့ခေါ်တဲ့သူ့ရဲ့အထက်လူကြီး မန်နေဂျာ နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ ဖရိုဖရဲနဲ့ အေးတိအေးစက်နိုင်တဲ့ တိုဂါ ဆိုတာ ငယ်စဉ်ကတည်းက သူ့မိသားစုကိုဆုံးရှုံးခဲ့ရတာကြောင့် သူ့ကိုယ်ပိုင်မိသားစုဘဝတစ်ခုကိုလိုချင်နေတဲ့သူပါ။ သူတို့နှစ်ယောက် သံယောဇဉ်ဖြစ်လာတဲ့အခါ သူတို့ရဲ့အရင်ကစိတ်ဒဏ်ရာတွေကိုကျော်လွှားဖို့ဖြစ်လာပါတယ်။ တစ်ဖက်ကလည်း မိသားစုစစ်စစ်ကိုလိုချင်နေတဲ့သူ၊တစ်ဖက်ကလည်း ခိုင်မြဲတဲ့RSတစ်ခုကိုတည်ဆောက်ဖို့ယုံကြည်ချက်မရှိတဲ့သူဖြစ်တဲ့အခါ သူတို့နှစ်ယောက်ရဲ့လက်တွဲတွေမြဲပါ့မလား…. မိသားစုစစ်စစ်တစ်ခုကိုတည်ဆောက်ဖို့ဆိုတာ အဖေ အမေနဲ့ သွေးသားရင်းကလေးတွေ မဖြစ်မနေရှိရမယ်ဆိုတဲ့အတွေးအခေါ်ကရောအမြဲမှန်မှာလား…. အချစ်တစ်ခုတည်းနဲ့ အားလုံးကိုဖြေရှင်းပြီးလက်တွဲရမဲ့ကိစ္စမှာ သူတို့ဘယ်လိုဆုံးဖြတ်ကြပါသလဲ… ပုံမှန်ပါလို့သတ်မှတ်ထားတဲ့အတွဲတချို့ရဲ့ချစ်ခြင်းပုံပြင်တွေထက်ပိုပြီးနူးညံ့တဲ့၊နားလည်မှုရှိပြီး လက်တွဲဖော်ရဲ့အိပ်မက်ကိုအလေးထားပြီး အကောင်အထည်ဖော်ပေးဖို့ဦးစားပေးတတ်တဲ့ relationshipတစ်ခုအကြောင်းကိုဆက်လက်ကြည့်ရှုပေးကြပါဦးရှင့်။ ( အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )