Movie Name
Rush To Dead Summer
Year
2017
Generes
Drama
Code
SC0108
Type
Series
Size
13.9 GB
Country
China
Description
MMATV ရဲ့ချစ်လှစွာသော ပရိတ်သတ်ကြီးကိုဒီတစ်ခေါက်မှာတော့ 2017ထွက်Chinese series အလန်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။ Jun 11ရက်နေ့ကစလွှင့်ခဲ့ပီး July 8 ရက်နေ့မှာမှ ဇာတ်သိမ်းသွားတဲ့ လတ်လတ်ဆတ်ဆတ်ကားလေးပါ။စုစုပေါင်းအပိုင်း(46)ပိုင်းပါဝင်တဲ့ လူငယ်ကျောင်းသားအချစ်ကားလေးပါ။ -မင်းသားနှစ်ယောက်နဲ့မင်းသမီးတစ်ယောက်အဓိကပါဝင်ထားတာဖြစ်ပါတယ်။မင်းသမီးကတော့ “Love 020″ထဲကမင်းသမီး “Zheng Shuang ” မင်းသားတွေက “Cheney Chen ” ရယ် “Jingting Bai ” တို့ကအဓိကပါဝင်ထားပါတယ်။ -ဇာတ်လမ်းပုံစံလေးကတော့Quianchaung အနုပညာအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသား/ဆရာ/သူငယ်ချင်းတွေကြားက အဖြစ်အပျက်တွေကိုပုံဖော်ထားတာဖြစ်ပါတယ်။ တခြားကျောင်းသားကားတွေလိုမဟုတ်ပဲ အပိုင်းတစ်ကိုစကြည့်မိတာနဲ့ နောက်အပိုင်းတွေကိုဆက်ကြည့်ချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ -ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်….Fu Xia Si နဲ့ Lu Zhi Ang လို့ခေါ်တဲ့အရမ်းခင်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ Fu Xia Si ကတော့main lead တို့ထုံးစံခပ်တည်တည်နဲ့နေတတ်ပီး စကားလည်းနည်းသလို အေးလည်းအေးပါတယ်။Lu Zhi Ang ကတော့ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ နှစ်ယောက်လုံးက စာလည်းတော်ပီး စတိုင်မိုက်တာကြောင့် ကျောင်းမှာနာမည်ကြီးပါတယ်။သူတို့နှစ်ယောက်ကငယ်ငယ်လေးတည်းက ခင်လာကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေဆိုလည်းမမှားပါဘူး။ -Li Xia လို့ခေါ်တဲ့ အဖေမရှိတော့တဲ့ အေးလည်းအေးတဲ့ ကောင်မလေးရယ် စကားများပီးနေရာတကာပါတတ်တဲ့ Li Xia ရဲ့ဆန့််ကျင်ဘက် Cheng Qi Qi လို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်ကလည်း အရမ်းခင်တဲ့သူငယ်ချင်းနှစ်ယောက်ပါပဲ။ – အထက်တန်းကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်မှု တစ်ယောက်နဲ့တစ်ယောက်ကူညီမှု သူငယ်ချင်းတွေကြားထဲကရယ်စရာအဖြစ်အပျက်လေးတွေ ဆရာတွေနဲ့ပက်သက်တဲ့ပဋိပက္ခတွေကို တွေ့မြင်ခံစားရမယ့် ကျောင်သားစီးရီးကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။