Movie Name
Hanson And The Beast (2017)
Year
2017
Generes
Comedy, Fantasy, Romance
Code
01744
Type
Movie
Size
539 MB
Country
China
Description
ဂူဂူးမင်းသမီးလေး Liu Yifei နဲ့ မင်းသား William Feng တို့အဓိကပါဝင်ထားတဲ့ Hanson and the Beast ဇာတ်ကားဟာ 2017..December မှာထွက်ရှိထားတဲ့ Comedy.. Fantasy .. Romance ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားဖြစ်ချင်လို့ ကိုယ့်ပိုက်ဆံကိုယ်ထုတ် ဇာတ်ကားရိုက်ရာကနေ နောက်ဆုံးအကြွေးတွေ တောင်လိုပုံသွားတဲ့ ယွမ်ရွှိက် (William Feng) ဟာ အကြွေးတွေကြေဖို့အတွက် ပိုက်ဆံရှိအမျိုးသမီးများနဲ့ ခဏခဏဒိတ်နေသူပါ…. တစ်နေ့မှာ ထူးဆန်းစွာကြုံလာတာက ယွမ်ရွှိက်ငယ်ငယ်က ကယ်တင်ပေးခဲ့ဖူးတဲ့ မြေခွေးမိစ္ဆာမလေးပိုင်ချန်းချူ (ဂူဂူး)က ယွမ်ရွှိက်ကိုပြန်တွေ့တော့ ကျေးဇူးကြွေးပြန်ဆပ်မယ်ဆိုပြီး သူ့နောက်ကိုလိုက်ခဲ့ပါတော့တယ်။ သူတို့နှစ်ယောက်တွေ့မိကြပြီး ပိုင်ချန်းချူက သူမဟာ မြေခွေးမလေးဖြစ်ကြောင်းပြောပြီး မြေခွေးပုံစံပြောင်းပြလိုက်တာ ယွမ်ရွှိက်တစ်ယောက်ကြောက်လန့်ပြီးပြေးတဲ့အပြင် လူတွေလဲ မြေခွေးအကြီးကြီးကို မြင်တွေ့သွားကြပါတယ်… ဒါပေမယ့် သူတို့မိစ္ဆာလောကမှာ မိစ္ဆာတွေကိုစီမံခန့်ခွဲရေးဌာနဆိုတာရှိပါတယ်… အဲ့ဒီ့အဖွဲ့က မြေခွေးကိုတွေ့ခဲ့တယ်ဆိုတဲ့ လူတွေရဲ့မှတ်ဉာဏ်ဖျက်လိုက်ပါတယ်။ ပိုင်ချန်းချူဟာ ယွမ်ရွှိက်ကို တကယ်ချစ်ကြိုက်သွားပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိစ္ဆာစီမံခန့်ခွဲရေးဌာနခေါင်းဆောင် ယွင်ကျုန်းဟယ်က မိစ္ဆာနဲ့ လူ ချစ်ကြိုက်ခြင်းကိုတားမြစ်ထားတဲ့သူ ဖြစ်နေတဲ့အခါမှာတော့…