-
Movie Name
-
Oasis (2002)
-
Year
-
2002
-
Generes
-
Drama, Romance
-
Code
-
04723
-
Type
-
Movie
-
Size
-
1.20 GB
-
Country
-
Korea
-
Description
-
တောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို
Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။
လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့
လုံးဝထင်စရာမရှိတဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။
အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။
လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။
Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။
Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။
လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။
သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရှိဘူးလို့လည်း ဆိုပါတယ်။
ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့်
ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။
လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။
သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။
သူမှားတာတော့လည်းမဟုတ်ပါဘူး။
ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။
ဒါပေမယ့် ဟဲမင်းဝေး ပြောသလိုပဲ။ကျွန်တော်တို့ ရုန်းကန်ဖို့ထိုက်တန်ပါသေးတယ်။
သူလည်း ဒီလိုပဲထင်ခဲ့တယ်ထင်ပါတယ်။
ပုံမှန်ဆိုရင်တော့ သူ့ဆီကရတတ်တဲ့ ပုံစံက တစ်ဘဝလုံးရှင်သန်လာတဲ့ သန်မာတဲ့လူတွေ လဲပြိုကျတဲ့ပုံစံပါ။
Oasisကတော့ နည်းနည်းထူးပါမယ်။
အဓိကဇာတ်ဆောင် ၁က ကျပ်မပြည့်တဲ့လူပါ
၂ကတော့ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ အမျိုးသမီးပါ။
ဘဝဟာ ကိုယ်ရောစိတ်ပါ ပုံမှန်ရှိတဲ့လူတစ်ယောက်အတွက်တောင် အတိုက်အခိုက်များပါတယ်။
ဒီလိုလူနှစ်ယောက်ရဲ့ ဘဝဆိုရင်တော့ တွေးကြည့်စရာတောင်မလိုပါဘူး။
ဒီလို တစ်ဘဝလုံး ရှင်လျက်သေလာခဲ့ရတဲ့လူတွေရဲ့ ရှင်သန်စရာအကြောင်းလေးဖြစ်လာပုံ အကြောင်းကို
လီချန်းဒုံပီသစွာပဲ ကျွန်တော်တို့လောကကြီးကို စိတ်ကုန်စရာကောင်းတဲ့ပုံစံအပြည့်အဝနဲ့ တင်ဆက်ပြသထားပါတယ်။