-
Movie Name
-
Genghis Khan (2018)
-
Year
-
2018
-
Generes
-
Action, Adventure, Biography, Historical
-
Code
-
01747
-
Type
-
Movie
-
Size
-
951 MB
-
Country
-
China
-
Description
-
Genghis Khan ဇာတ်ကားကတော့ historic / fantasy EPIC film လေးပါ
အဓိကဇာတ်ဆောင်အနေနဲ့ William Chan ပါဝင်သရုပ်ဆောင်ထားပြီး,ဒီကားလေးက ၈ ကြိမ်မြောက် Beijing International Film Festival မှာအပိတ်ကားအဖြစ်ပြသခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ
Mongol Empire ကိုစတင်တည်ထောင်ခဲ့တဲ့ ထျယ်မုကျန်း (Genghis Khan) အကြောင်းကိုအခြေခံပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ်
ထျယ်မုကျန်း နဲ့ ပေါ်အာထျဲဟာ ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ချစ်သူတွေဖြစ်ပြီး ရုတ်တရက် ထျယ်မုကျန်းရဲ့အဖေသေဆုံးသွားခြင်းက သူတို့ ၂ ယောက်ခွဲခွာဖို့ဖြစ်လာခဲ့ပါတယ်
တဖက်မှာလဲ ဦးလေးဖြစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရပြီး လူမျိုးစုတစ်စုလုံးမှာမှ ၁ မိသားစုတည်းကွဲထွက်ပြီးနေထိုင်ခဲ့ရပါတယ်
ငယ်စဉ်ကတည်းက စေ့စပ်ပေးထားတာကြောင့် ထျယ်မုကျန်းဟာ အရွယ်ရောက်တော့ သူ့ချစ်သူ ပေါ်အာထျဲရှိရာသို့ရောက်ရှိပြီး လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်
% buffered
00:00
-00:12
Download
Your browser does not support the video tag.
ပြဿနာကတော့ မင်္ဂလာဦးညမှာပဲ ပေါ်အာထျဲကို တစ္ဆေတိုင်းပြည်က ဖမ်းခေါ်သွားခဲ့တာကနေ စတင်ခဲ့တာပါ
တစ္ဆေတိုင်းပြည်က ဘာကြောင့် ပေါ်အာထျဲကိုဖမ်းခေါ်သွားခဲ့တာလဲ?
ထာဝရအသက်ရှင်နေထိုင်နိုင်တဲ့ ဘယ်လိုသတ်သတ်မသေတဲ့ တစ္ဆေတိုင်းပြည်ကဘုရင်ဟူးချူးလူ လက်ထဲကနေ ပေါ်အာထျဲကိုဘယ်လိုကယ်တင်မှာလဲဆိုတာ…