-
Movie Name
-
The Karate Kid [2010]
-
Year
-
2010
-
Generes
-
Action, Thriller
-
Code
-
04741
-
Type
-
Movie
-
Size
-
GB
-
Country
-
China
-
Description
-
2010 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ဇာတ်ကားမှာ မင်းသားကြီး Jackie Chan နဲ့ Jaden Smith
တို့အတူတူပူးတွဲသရုပ်ဆောင်ထားကြပါတယ်…Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့
Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့
ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်..
ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်..
ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင်
*ဘဝမှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ်* စကားလုံးဖြစ်ပါတယ်..
ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာ
အရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်..
ဇာတ်လမ်းအညွှန်းဟာဆိုရင်ဖြင့် …………..
ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင်
အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက်
ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်
ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်..
ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက်
တော်တေ်ာအထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်း
မကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကို
ရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..မိသွားလို့ ဝိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း)
ရောက်လာပြီး ကလေးတွေကိုပြန်ဖို့ပြောပါတယ်..မစ္စတာဟန်ကိုပါဝိုင်းထိုးကြလို့ ပြန်တိုက်ခိုက်လိုက်ပါတယ်
ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ သိုင်းသင်တန်းကျောင်းက အတော်ဆုံး
ကလေးတွေဆိုတာပါပဲ..နဂါးနီသင်တန်းကျောင်းဆရာ နဲ့ မစ္စတာဟန် တို့ထိုကိစ္စအတွက်ကြောင့်
ကတောက်ကဆ ဖြစ်ပြီး သိုင်းပြိုင်ဖို့လုပ်ကြပေမယ့် မစ္စတာဟန်က မတိုက်ခိုက်ချင်ပါဘူး…
သူ့ရဲ့သင်တန်းသားတွေကို ဒရေကို မနှောက်ယှက်ဖို့ပြောခိုင်းပြီး လာမယ့်လူငယ်သိုင်းပြိုင်ပွဲမှာ
ဒရေ လာရောက်ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်…..အဲ့ဒီ့နောက်မှာတော့ မစ္စတာဟန်ဟာ
ဒရေကို ကွန်ဖူးပညာတွေစတင်သင်ပေးပါတော့တယ်….
ဆက်လက်ကြည့်ရှုကြပါ
( ဒေါင်းတဲ့ မူရင်းက BrRip720p ရဲ့ကွာလတိအပြည့်အဝမရှိတဲ့အတွက် ဖိုင်ဆိုဒ်အသေးအကြည်
တင်ပေးလို့မရနိုင်တာနားလည်ပေးကြပါ )