-
Movie Name
-
Arahan(2004)
-
Year
-
2004
-
Generes
-
Action, Comedy
-
Code
-
01757
-
Type
-
Movie
-
Size
-
809 MB
-
Country
-
Korea
-
Description
-
Imdb Rating – 6.8/10 ရရှိထားတဲ့ ကိုးရီးယား Action/Comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမကြည့်ခင် အညွှန်းကို ဖတ်ဖြစ်အောင် ဖတ်ခဲ့ပေးကြပါလို့ မှာချင်ပါတယ်။
တစ်ခါတုန်းက “ဒါအို”ပညာရှင်ကြီး ၇ ဦး ရှိခဲ့ပါတယ်။ (“ဒါအို”-Tao ဆိုတဲ့စကားလုံးဟာ အဓိပါယ်ဖွင့်ဆိုလို့ မရအောင်ကို ကျယ်ပြန့်ပါတယ်၊ စကြာဝဋာကြီးတစ်ခုလုံးရဲ့နိယာမသဘောတရားတွေကိုသိမြင်နိုင်တဲ့ပညာလို့ပဲ ဖွင့်ဆိုပါရစေ) သူတို့ရဲ့ တာဝန်က “ဒါအို”ပညာရဲ့ အဆုံးမဲ့အသိဉာဏ်“အရဟံ”အဆင့်ကို ရရှိနိုင်မယ့် “သော့ချက်”နည်းလမ်းကို မသမာသူတွေရဲ့ လက်ထဲမရောက်ရအောင် ထိန်းသိမ်းထားရမှာပါ။ “ဒါအို”ပညာရှင်ညီနောင်တွေထဲက(၅)ဦးဟာ “သော့ချက်”ကို လျှို့ဝှက်ထားပြီး ဇာတ်မြှုပ်နေထိုင်လာခဲ့ရာကနေ သူတို့ရဲ့တာဝန်ကို လွှဲပြောင်းရယူနိုင်မယ့်အစွမ်းတွေပိုင်ဆိုင်နေတဲ့ ပေါတောတော ရဲသားလေးတစ်ယောက်ကို ်အမှတ်မထင် တွေ့ရှိလိုက်ရတဲ့အခါ… မဟာရန်သူတော်ကြီးတစ်ဦးကလည်း သူတို့ အားလုံးကို လိုက်လံရှာဖွေတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့….။
ဖိုက်တင်နဲ့ဟာသကို တစ်ပြိုင်တည်း အပြည့်အဝခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါဗျာ။