Movie Name
The Twentieth Century (2019)
Year
2019
Generes
Biography, Crime
Code
04752
Type
Movie
Size
649 MB
Country
Hollywood
Description
ဝေါတာဖီဒင်းနဲ့ သူချစ်သူ ဂန္ဓဝင်ဂီတပညာရှင် အန်နာခရိုလေတို့ဟာ အတော်ချစ်ကြတဲ့ စုံတွဲတွေပါ။ တစ်ရက်မှာတော့ ဝေါတာရဲ့အဖေက သူတို့ရဲ့ ဂီတလုပ်ဖော်ကိုင်ဖက်တွေဆီကနေ ငွေသန်းချီဘက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ရှိသမျှအကြွေးတွေက ဝေါတာ့အပေါ် အကုန်ပုံကျသွားတဲ့ သဘောပါပဲ။ ကံကဆိုးချင်တော့ နောက်နေ့မှာပဲ သူတို့နေတဲ့ အိမ်က အိမ်ရှင်ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ကနေ ဆင်းပေးရမယ် ဖြစ်လာပါတယ်။ အိမ်ရှင်ကလည်း တခြားသူမဟုတ်ပါဘူး။ အန်နာရဲ့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ ဒီလို အခြေအနေဆိုးတွေ ဖြစ်လာတဲ့အခါ ဝေါတာက အိမ်တစ်လုံး အမြန်ရဖို့ စုံစမ်းတာကနေ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာနှစ်သိန်းတည်းနဲ့ အချောင်ရဖို့ အကွက်တွေ့လာပါတယ်။ ဒီအတွက် သူတို့စုံတွဲနှစ်ယောက် အမျိုးမျိုး အဖုံဖုံ လှည့်ပတ်ချေးကြရင်းကနေ အိမ်ကို ဝယ်ဖြစ်သွားပါတော့တယ်။ အဲဒီလိုဝယ်ပြီးကာမှပဲ ဒီအိမ်ကြီးက ငွေမျိုနေတဲ့ကျွင်းကြီး ဖြစ်မှန်းမသိ ဖြစ်လာတာကို ဟာသဆန်ဆန် ရိုက်ကူးပြထားတဲ့ ဒရာမာဇာတ်လမ်းလေးအဖြစ် ကြည့်ရှူရမှာ ဖြစ်ပါတယ်။