Movie Name
Street Kings(2008)
Year
2008
Generes
Action, Crime
Code
04775
Type
Movie
Size
942 MB
Country
Hollywood
Description
Street Kings(2008) ၂ တွမ် က မူးယစ်ဆေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက စုံထောက်တစ်ယောက်ပါ။ ဒုစရိုက်မှုတွေများလှတဲ့မြို့မှာ လူဆိုးတွေဟာ ထောင်နဲ့ကူးချည်သန်းချည်လုပ်ရင်း ပြဿနာမျိုးစုံရှာနေတဲ့ပုံကို သူက မျက်မုန်းကျိုးနေဟန်ပဲ…ဒါ့ကြောင့် ဒီလိုခပ်ဆိုးဆိုးကောင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် ရဲတွေရဲ့ ထိတွေ့မှုစည်းကမ်းတွေကိုကျော်လွန်ပြီး လက်ဉီးမှုရယူတတ်သလို အပျောက်သတ်ပစ်လေ့လည်းရှိတယ်….. သူ့ကြည့်ရတာဒီလိုမျိုး လုပ်နေကြပုံပဲ….သူကစပြီးပစ်တဲ့ပုံမပေါက်အောင် ခြေရာလက်ရာတွေဖျောက်တတ်သလို % buffered 00:00 -00:04 Download Your browser does not support the video tag. လှုပ်ရှားပုံတွေကလည်း သွေးအေးတည်ငြိမ်လွန်းတယ်…ဒီအခြေအနေတွေကို သူတို့ ရဲအချို့က သဘောမကျဖြစ်နေကြသလို အခွင့်ကြုံရင်ချောက်ချဖို့ရည်ရွယ်ထားတဲ့သူတွေလည်းရှိတယ်….. အဲ့ဒီနောက်မှာတော့ တွမ်တစ်ယောက် ပြဿနာအကြီးကြီးကြုံပါတော့တယ်….. ဒီကားကမင်းသားကြီး Keanu Reeves အဓိကပါဝင်ထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါတယ်… ဇာတ်လမ်းအစကထဲက ဗျင်းပါတယ်….ဇာတ်အိမ်လည်းကောင်းသလို အစအဆုံး ရင်တထိတ်ထိတ်နဲ့ကိုကြည့်ရတာပါ…… စပွိုင်လာြဖစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်….