Movie Name
Tomie Replay (2000)
Year
2000
Generes
Horror
Code
04777
Type
Movie
Size
1 GB
Country
Japan
Description
Tomie Replay (2000) အသက်ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက် အစာအိမ်ကြီးတဲ့ရောဂါနဲ့ အရေးပေါ်ခွဲစိတ်ကုသရာမှ ကလေးရဲ့ဗိုက်ထဲမှာရှိနေတဲ့ ခေါင်းပြတ်တစ်ခုကို ခွဲထုတ်ရရှိခဲ့ပါတယ် ထိုခေါင်းပြတ်ကြီးကို ‌ဆေးရုံမြေအောက်ခန်းက ဓာတ်ခွဲခန်းထဲမှာတိတ်တဆိတ် လေ့လာနေရာ တဖြည်းဖြည်းကြီးထွားလာပြီး ခြေလက်အင်္ဂါအစုံကြီးထွားလာပြီး တိုမီအဲပြန်ဖြစ်လာခဲ့ပါတယ် ခွဲစိတ်ခန်းဝင်ခဲ့ကြတဲ့အထဲမှ ဆေးရုံအုပ်ကြီးနဲ့သူနာပြုလေးယောက်မှာ ထူးဆန်းစွာပျောက်သွားပြီး ကျန်ခဲ့တဲ့ဆရာဝန်ဟာဆိုရင်လည်း ဆေးရုံခေါင်မိုးထပ်မှ ခုန်ချသေဆုံးသွားပါတယ် မိတကွဲဖတကွဲနဲ့နေရတဲ့ ယုမီတစ်ယောက်သူ့အဖေဆေးရုံအုပ်ကြီး‌ပျောက်ဆုံးလို့ လိုက်လံစုံစမ်းရင်း မျက်စိရှေ့တင် ကျန်ရစ်ဆရာဝန်သေဆုံးသွားတာမြင်ခဲ့ပါတယ် အဖေဖြစ်သူချန်ရစ်ခဲ့တဲ့ မှတ်စုစာအုပ်မှတစ်ဆင့် တိုမီအဲအကြောင်းတစ်စထက်တစ်စပိုပိုသိလာပြီ း ဘယ်လိုတွေဖြေရှင်းမလဲ သတ်လို့လည်းမသေ သူ့သွေးထိတာနဲ့ သူသွေးဆောင်ရာနောက်ပါအောင်လုပ်နိုင်တဲ့ တိုမီအဲရောဘယ်လိုအဆုံးသတ်မလဲဆိုတာ ဒီဇာတ်ကားလေးကို ကြည့်လိုက်ကြပါနော် ဂျပန်သရဲကားထုံးစံအတိုင်း ဆာဒါကိုလိုမျိုး သူလည်း ဇာတ်လမ်းတစ်ကြောရှိတဲ့ သမိုင်းဝင်သရဲမပါပဲနော် သူ့ရဲ့ရှေ့နောက်ဇာတ်ကားနဲ့ပတ်သတ်ပြီး သိချင်တဲ့လူတွေအတွက် အောက်မှာဇာတ်ကားစာရင်းလေးပေးထားပါတယ်