-
Movie Name
-
The Witness (2018)
-
Year
-
2018
-
Generes
-
Crime, Thriller
-
Code
-
04797
-
Type
-
Movie
-
Size
-
956 MB
-
Country
-
Korea
-
Description
-
IMDb….5.5
ဟန်ဆောင်းဟွန်းတစ်ယောက် အလုပ်တစ်ခု အောင်မြင်တာနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အရက်တိုက်ရ
ပြုစုရဆိုတော့ အိမ်ပြန်နောက်ကျနေတယ်… အိမ်ပြန်ရောက်တော့ မနက် ၁ နာရီပတ်ဝန်းကျင်ဆိုတော့ မိန်းမနဲ့ သမီးလေးကလည်း အိပ်နှင့်နေပြီ…
ထုံးစံအတိုင်း ချက်ချင်းမအိပ်သေးဘဲ ဘီယာလေးကိုမြုံနေလိုက်သေးတယ်…အဲ့ဒီအချိန်မှာပဲ တိတ်ဆိတ်တဲ့မနက်ခင်း တစ်နာရီကို ထွင်းဖောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့ ကြောက်လန့်တကြားအော်သံကို
သူကြားလိုက်ရတယ်…. ဒါကြောင့် ပြတင်းပေါက်ကနေ အသံကြားရာဆီကို သူလှမ်းကြည့်တော့ တစ်ကိုယ်လုံးအနက်ရောင် ဝတ်ဆင်ထားတဲ့ လူတစ်ဦးက မိန်းကလေးတစ်ယောက်ကို မသေမချင်းခေါင်းကို
% buffered
00:00
-00:15
Download
Your browser does not support the video tag.
ထုရိုက်သတ်နေတာသူတွေ့လိုက်ရတယ်… ရဲကိုဖုန်းခေါ်မလို့ပြင်ပြန်တော့ ကြောက်လွန်းလို့တုန်နေတဲ့သူ့လက်ကြောင့် ဖုန်းလည်း လွတ်ကျတဲ့အပြင် မိန်းမကတစ်ရေးနိုးတော့ မီးဖွင့်တာကြောင့် လူသတ်သမားက
သူတို့တိုက်ခန်းကို သတိထားမိသွားလေရဲ့……..
စိတ္တဇ ဆန်ဆန် လူသတ်သမား..မျက်မြင်သက်သေတစ်ဦး….လူနေအဆောက်အဦးရှေ့မှာရက်ရက်စက်စက်အသတ်ခံရတဲ့ အလောင်းတစ်လောင်း..
အမှုလိုက်ရဲအရာရှိတွေ…..
ကိုင်းရှေ့ဆက်ဖြစ်မယ်ဟာတွေကိုတော့ ဇာတ်ကားကြည့်ရင်းသာခံစားကြပေရော….
ဒီကားက IMDb 5.5ကို သံသယဖြစ်နေရင် သို့မဟုတ် တခြားတစ်ယောက်က မကောင်းလောက်ဘူး ထင်တယ်လို့ပြောလာခဲ့ရင်
ခင်ဗျားသာ Crime ဇာတ်ကားကောင်းကောင်းနှစ်သက်တတ်တဲ့သူတစ်ယောက်ဖြစ်နေပါက လာပြောတဲ့သူကို ဒိုးလိုက်တော့လို့ ခွန်းတုံပြန်ပြီး
နင်းကန်သာဒါင်းကြည့်လိုက်ပါ…
ပြီးတော့ ဒီကားက hero ဆန်ဆန်ကြီးမပါတဲ့အပြင် တကယ့် Realism ဆန်ဆန်လေးရိုက်ထားတာတွေ့ရလိမ့်မယ်..
လူအချို့ရဲ့ စိတ်သဘောထားတွေ ကျဉ်းထဲကြတ်ထဲရောက်ရင်ရင် ရင်ဆိုင်ဖြေရှင်းပုံတွေကို ပုံစံအမျိုးမျိုးတွေ့ရလိမ့်မယ်..အကယ်၍များ ဟန်ဆောင်းဟွန်း နေရာမှာ ခင်ဗျားသာဆိုရင်
ဘယ်လိုလုပ်မလဲ………လူသတ်သမားဆိုရင်ရော ဘယ်လို လက်စဖျောက်မလဲ…
ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့