Movie Name
But Always (2014)
Year
2014
Generes
Drama, Romance
Code
04801
Type
Movie
Size
868 MB
Country
China
Description
တရုတ်ပြည်ရဲ့ ဘေဂျင်းမြို့ကလေးက ကျောင်းလေးတစ်ကျောင်းမှာ ကောင်မလေးတစ်ယောက်နောက် တစ်ကောက်ကောက်လိုက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ အရှေ့လေတွေတိုက်ပြီးနှင်းတွေဝေနေအောင်ကြနေတဲ့ နေ့တွေမျိုးမှာ စောင်အပေါက်ကလေးနဲ့ ရှင်သန်နေရတဲ့ကောင်ကလေးရယ် ဟောင်ကောင်ကနေ ကျောင်းပြောင်းလာတဲ့ ကောင်မလေးရယ်ကြားထဲက တူညီမှုတစ်ခုကတော့ နှစ်ဦးနှစ်ယောက်စလုံးမှာ အမေဆိုတာ မရှိတော့ခြင်းပါပဲ။ တစ်ယောက်ကိုတစ်ယောက် တွယ်တာခဲ့ပြီးမှ ကောင်ကလေးရဲ့ အဘွားသေသွားတဲ့နောက် သူ့ဦးလေးလာခေါ်သွားတဲ့အချိန်မှာ နှုတ်ဆက်စကားတွေတောင်မရှိပဲဝေးသွားခဲ့ကြပါသတဲ့။ နှစ်တွေကြာပြီးတဲ့နောက် မိုးမှုန်တွေ ကျပ်သီးနေအောင်ကျနေတဲ့ ညနေဘက်တစ်ခုမှာ မြိုကလေးကိုပြန်ရောက်လာတဲ့ ကောင်လေးနဲ့ ကောင်မလေးနဲ့ထပ်ဆုံတွေ့ ခဲ့ပါတယ်။ ကောင်မလေးက ဆေးကျောင်းပြီးတော့မယ့်လုဆဲဆဲ အမေရိကသွားတော့မယ့်လု ဆဲဆဲမှာပါ။ အဖေသာရှိတဲ့ကောင်မလေးနဲ့ မိဘမရှိတော့တဲ့ ကောင်လေးတို့ နှစ်ဦးသားအတွက် တစ်ယောက်ကတစ်ယောက် မိသားစုလိုဖြစ်ခဲ့ကြပါတယ်တဲ့။ ချစ်သူတွေလည်းဖြစ်ခဲ့ကြပါတယ်။ ကောင်လေးအတွက် အမေရိကကို မသွားဖို့ဆုံးဖြတ်လိုက်တဲ့ ကောင်မလေးဟာ သူ့အဖေကိုတွေ့ဖို့ ချိန်းဆိုထားတဲ့ တစ်ခုသောမိုးညမှာ ထီးလေးတစ်ချောင်းနဲ့ ရပ်စောင့်နေခဲ့ပါတယ်။ ကောင်ကလေးကတော့ ရောက်မလာခဲ့ပါဘူး။ အမေရိကမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေခဲ့တဲ့ ကောင်မလေးဟာ သူ့လိုအလုပ်လုပ်နေတဲ့ ပန်းချီဆရာ တစ်ယောက်နဲ့ရင်းနှီးခဲ့ပါတယ်။ အဖေလည်းမရှိတော့တာကြောင့် ရုန်းရင်းကန်ရင်း သူ့ဘဝထဲကို ကောင်လေးပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့…… ကောင်လေးဟာ သိပ်ချမ်းသာတဲ့သူဋ္ဌေးတစ်ယောက်ဖြစ်နေပြီး ကောင်မလေးကိုလည်းချစ်နေဆဲပါ ကောင်မလေးစိတ်ထဲကတစ်ဦးတည်းသော သူဟာလည်းကောင်လေးဖြစ်နေဆဲပါပဲ။ တစ်ယောက်ကတစ်ယောက်ဆီ လာခဲ့သလို တစ်ယောက်ကတစ်ယောက်ကို စောင့်နေခဲ့ဆဲပါပဲ…… သူတို့တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ခဲ့ကြပါတယ် ဒါဆိုရင်… ကံတရားကရော…. ဘဝမှာ တစ်ခါတော့ လူတိုင်းက ခမ်းနားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ထိုက်တန်ကြပါတယ်။ ခမ်းနားတဲ့အချစ်ဇာတ်လမ်းဆိုတာ ကြေကွဲရမလား ကြည်နူးရမလား အတပ်မပြောနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ဘဝတွေမှာ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ဟာ တစ်ခါလောက်တော့ ကိုယ့်ဘဝမှာကိုယ် ရိုမီရိုတွေ ဂျူးလိယက်တွေ ဂျက်နဲ့ရို့စ်တွေ တစ်ခါစီတော့ဖြစ်ဖူးကြမှာပါပဲ။ ခမ်းနားမှုအများစုကတော့ ဘယ်အခါမှာမှ ပျော်ရွှင်စွာဇာတ်သိမ်းခဲ့ကြလေသတည်းမရှိခဲ့ပါဘူး။ ဘယ်လိုတွေပဲ ခံစားကြရကြရ အများစုကတော့ အချစ်ဆိုတာကို ရူးသွပ်နေကြဦးမှာပဲမလား။ ဒီတော့ ဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ခင်ဗျား စီးကရက်တစ်လိပ်ကို ခပ်ပါးပါးဖွာရင်း မထိုက်ခဲ့တဲ့ဲပန်းတွေအကြောင်းတွေးရင်း မျက်ရည်ကျမိချင်လည်းကျမိလိမ့်မပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)