-
Movie Name
-
Innocent Witness (2018)
-
Year
-
2018
-
Generes
-
Thriller
-
Code
-
04806
-
Type
-
Movie
-
Size
-
930 MB
-
Country
-
Korea
-
Description
-
အပြစ်ကင်းတဲ့သက်သေ…
================
တစ်နှစ်သမီးအရွယ်မှာ တခြားကလေးတွေက
ဖေဖေမေမေ ခေါ်တတ်ရုံရှိသေး၊ ဂျီဝူးကတော့
ဝါကျတစ်ကြောင်းလုံး ပြောနိုင်လောက်အောင်
အတတ်မြန်သူလေးပါ။
ဒါပေမဲ့ ကံမကောင်းစွာပဲ သူကလေးဟာ
အော်တစ်ဇင်ဖြစ်လို့ နေခဲ့ပါတယ်။
ဒါပေမဲ့ ကံကောင်းချင်တော့ ဂျီဝူးဟာ အော်တစ်ဇင်ထဲမှာမှ
ဓာတ်ပုံရိုက်ယူထားသလို ကောင်းမွန်စွဲမြဲတဲ့
မှတ်ဉာဏ် (Photographic memory) နဲ့
နားအလွန်ပါးတဲ့၊ အဝေးကြီးက တီးတိုးသံကိုတောင်
သဲသဲကွဲကွဲ ကြားနိုင်တဲ့ အကြားအာရုံ (Hyperacute Hearing) ကို
ပိုင်ဆိုင်သူလဲ ဖြစ်နေပြန်ပါတယ်။
ပဟေဠိတွေ၊ စကားထာတွေကိုလဲ သူက ကျွမ်းကျွမ်းကျင်ကျင်
ဖြေရှင်းနိုင်ပြန်တယ်။
သူ့မှာ အားနည်းတာကတော့
လူတွေနဲ့ ဆက်ဆံတဲ့အခါမှာပါ။
လူကိုကြည့်ပြီး စကားမပြောတတ်သလို
သူ့ကို လာပြောရင်လဲ သူ့စိတ်ထဲက
မရင်းနှီးရင် ပြန်ကိုမပြောတာမျိုးပါ။
အဲဒီလို အနေအထားမျိုးရှိတဲ့ ဂျီဝူးလေးဟာ
အသက်ဆယ့်ငါးနှစ်အရွယ် ရောက်လာခဲ့တဲ့ တစ်နေ့မှာတော့
သူ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပွားတဲ့
လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတော့တယ်။
အဘိုးကြီးကင်ဟာ ဂျီဝူးအိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်မှာ
တစ်ကိုယ်တည်း နေထိုင်သူပါ။
သူ့အိမ်မှာ ဝေယျာဝစ္စလုပ်ပေးဖို့ ခေါ်ထားတဲ့
အမျိုးသမီးတစ်ဦးကလွဲရင် အတူနေ တခြားအိမ်သား မရှိပါဘူး။
ဇနီးဖြစ်သူဆုံးတာ နှစ်နှစ်ရှိပြီး အထီးကျန်နေတဲ့
အဘိုးကြီးကင်ဟာ ပလတ်စတစ်အိတ် ခေါင်းမှာစွပ်ပြီး
သူ့ဘာသာ သတ်သေသွားတာဖြစ်ကြောင်း
ထင်မြင်ယူဆစရာတွေ ရှိနေပေမယ့်
မျက်မြင်သက်သေဂျီဝူးရဲ့ အဆိုအရ အိမ်အကူအမျိုးသမီး
သတ်တယ်လို့ ကောက်ချက်ဆွဲပြီး
ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။
ဒီအချိန်မှာ ဉာဏ်ရည်ထက်မြက်ပြီး လျှောက်လဲချက်ပေးရာမှာ
ထူးချွန်တဲ့ ရှေ့နေယန်ဆွန်းဟိုဟာ
သူ အလုပ်ဝင်နေတဲ့ ရှေ့နေလုပ်ငန်းစုဥက္ကဌရဲ့ တာဝန်ပေးချက်အရ
တရားခံဖြစ်တဲ့ အိမ်အကူအမျိုးသမီးဘက်က
လျှောက်လဲချက်ပေးရဖို့ ဖန်လာပါတယ်။
အိမ်အကူနဲ့ တွေ့ကြည့်တဲ့အခါမှာ အဘိုးကြီးကင်
သူ့ဘာသာ သတ်သေနေတုန်း သူမြင်သွားလို့ ဝင်ကယ်ရာမှာ
ဂျီဝူးက အထင်လွဲပြီး သူသတ်တယ်ရယ်လို့ ပြောတာဖြစ်ကြောင်း
ဖွင့်ဟချက်ကို သူ လက်ခံပြီး ဂျီဝူးဆီက
ထွက်ချက်ရဖို့ ဂျီဝူးနဲ့ ရင်းနှီးမှုရအောင် သူကြိုးစားပါတော့တယ်။
—————————————————————-
ပထမဆုံးအနေနဲ့ အော်တစ်ဇင်နေရာက
သရုပ်ဆောင်တဲ့ Kim Hyang-Gi ကို တကယ်ပဲ ချီးကျူးမိပါတယ်။
Along with the Gods လို အောင်မြင်တဲ့ ရုပ်ရှင်ကားထဲ က
ချစ်စရာ ကောင်မလေးကို မှတ်မိကြတယ်ဟုတ် ?
ကလေးဘဝကတည်းက ရုပ်သံဇာတ်လမ်းတွဲတွေမှာ
စိုက်လိုက်မတ်တတ် သရုပ်ဆောင်ခဲ့သူမို့ သူ့ရဲ့
သရုပ်ဆောင်ချက်တွေက လုံးဝ ကြောင်မနေခဲ့ဘဲ
ဇာတ်ကောင်စရိုက်နဲ့ အံဝင်ခွင်ကျ ဖြစ်နေခဲ့ပါတယ်။
ကိုရီးယားကရိုက်ကူးတဲ့ ကားဖြစ်တာမို့
ဒရာမာချိုးမယ်ဆိုတာကတော့ ပြောဖို့တောင်
မလိုပေမယ့် ရိုက်ချက်တွေ၊ ဒိုင်ယာလော့တွေ၊ အပြတွေကနေ
လူတွေရဲ့စိတ်နှလုံးကို ဆွဲယူညှို့ငင်ဖမ်းစားသွားနိုင်တဲ့
ဇာတ်ကားကောင်း တစ်ကားပါ။
ရှေ့နေယန်ဆွန်းဟိုနေရာက သရုပ်ဆောင်တဲ့
Jung Woo-Sung ဟာလဲ ၅၅ ကြိမ်မြောက် Baeksang
အနုပညာဆုပေးပွဲမှာ ဒီဇာတ်ကားနဲ့ အထူးဆုရခဲ့တာမို့
ဒရာမာကားကောင်းကောင်း ကြိုက်တတ်ရင်ဖြင့်
ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ကြောင်း ညွှန်းပါရစေ။
#ကျော်စွာ (ဆေးနှစ်)
၁၁.၇.၂၀၁၉
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့
CM Translator May Myat Thu ဖြစ်ပြီး
အညွှန်းကိုတော့ ဆရာ ကျော်စွာ (ဆေး ၂) ထံမှ
ကူးယူဖော်ပြပါသည်။